spot_img
Monday, June 16, 2025
More
    spot_img
    Homeသတင်းအမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဆက်ကြေးငွေတောင်းခံ

    အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဆက်ကြေးငွေတောင်းခံ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကမာဝက်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဆက်ကြေးငွေများ လိုက်လံကောက်ခံနေကြောင်း သိရသည်။

    “တစ်ချို့ရက်ကွက်တွေ သွားပေးနေကြပြီး၊ ကျွန်မတို့ ရက်ကွက်မှာ မရောက်လာသေးတဲ့အတွက် မပေးရသေးဘူး၊ သူများပေးရင် ကိုယ်လည်း ပေးရမယ်” ဟု ကမာဝက်ရွာမှ ရွာခံ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် သီတင်းပတ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များထံသို့ တစ်အိမ်ကို ကျပ်ငွေ ၃၀၀၀ နှုန်းဖြင့် ကောက်ခံပေးရန် စာရေးသားပေးပို့လာခဲ့သည်ဟု အထက်ပါရွာခံ အမျိုးသမီးကြီးက ပြောသည်။

    လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံနေခြင်းကြောင့် ရွာသူ/သားများ လယ်ယာ၊ ခြံမြေများ မသွားရဲဖြစ်နေရကြောင်းနှင့် ရွာပြင်သို့ မထွက်ရဲကြသည်အထိ ကြောက်ရွှံ့နေကြသည်ဟု သူက ပြောသည်။

    ထို့အပြင် လွန်ခဲ့သည့် ဇူလိုင်လတွင်လည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ စီးပွားရေးပြေလည်သည့်နေအိမ်များကို စာရေးသားပေးပို့ပြီး ဆက်ကြေးငွေများ လိုက်လံတောင်းခံခဲ့ကြောင်း ရွာခံများက ပြောဆိုကြသည်။

    ဇွန်လ ၁၁ ရက်နေ့တွင်လည်း အမည်မသိ မွန်နှင့် ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ မုဒုံ-သံဖြူဇရပ်ကားလမ်း ကန်ထရိုက်ရရှိထားသည့် အေကို (AK) လမ်းတံတား ဆောက်လုပ် ပြုပြင်ရေးကုမ္မဏီ အလုပ်သမားဝန်ထမ်းတစ်ဦးအား ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၁၅၀ ပေးရန် တောင်းဆိုခဲ့သေးသည်။

    သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်ရှိ မြို့မရဲစခန်းကို အမည်မသိ ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးမှ လက်နက်ကြီးတစ်လုံးဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ရွေးကောက်ပြီး မွန်ပြည်နယ်တွင် အစိုးရအသစ် ဖွဲ့စည်းပြီး ဖြစ်သော်လည်း တို်င်းရင်းသားလက်နက်အဖွဲ့အများအပြားမှ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုပေ။

    လက်ရှိပြည်ထောင်စုအစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသားအဖွဲ့အသီးသီးထံ ချဉ်းကပ်နေသော်လည်း ဆွေးနွေးပွဲကား မဖြစ်ပေါ်လာသေးပေ။ ထိုကာလစပ်ကြားတွင် မွန်ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့အချို့က ဖောက်ခွဲပစ်ခတ်မှု၊ ဆက်ကြေးငွေ တောင်းခံမှု ပြုလုပ်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. သတင်းထောက် က လိုက် စုံစမ်းလေ
      ဘာ လုပ် နေ တာ လဲ
      ဘာ မှန် းမသိ တာတွေ နောက် မ ေ၇းနဲ ့
      သိ မှ ေ၇း
      ဘာ လဲ အမည် မသိ

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,200SubscribersSubscribe
    spot_img

    Latest posts