spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းစပါးပင်ဖျက် ခရုမျိုးစိတ်သစ်တမျိုး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖျက်ဆီးနေရ

    စပါးပင်ဖျက် ခရုမျိုးစိတ်သစ်တမျိုး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖျက်ဆီးနေရ

    -

    မင်းတော်လ၀ီ -မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ် စပါးစိုက်ပျိုးရာသီမှစ၍ အမည်အသိ စပါးဖျက်ခရုမျိုးစိတ်သစ်တမျိုးကြောင့် သက်ဆိုင်ရာကျေးရွာများ၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းဖျက်ဆီးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

    ချာင်းဆုံမြို့နယ်တွင်ကျရောက်နေသော စပါးပင်ဖျက်မျိုးစိတ်သစ်ခရု
    ချောင်းဆုံမြို့နယ်တွင်ကျရောက်နေသော စပါးပင်ဖျက်မျိုးစိတ်သစ်ခရု

    ခရုမျိုးစိတ်သစ်တမျိုးသည် စပါးမျိုးခင်းများပြောင်းရွှေ့စိုက်ပြီးချိန်မှ စပါးပင် ရင့်သည့်အချိန်ထိ ဖျက်ဆီးနေသည့်အတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းဖျက်ဆီးပစ်နေရခြင်း ဖြစ်သည်။

    ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ကျေးရွာအလိုက်စုပေါင်းပြီး ခရုမျိုးစိတ်သစ်ဖျက်ဆီးရေးလှုပ်ရှားမှုကို မကြာခဏလုပ်ခဲ့ကြရပြီး တချို့ကျေးရွာများတွင် ပိုးသတ်ဆေး၊ခရုသတ်ဆေးများ ပက်ဖြန်းကြသည်။ ထိုခရုသတ်ဆေးမှာ ထိုင်းနိုင်ငံမှလာသော သိုင်အိုလစ်ပိုးသတ်ဆေးကိုပက်ဖြန်းကြသည်ဟု သိရသည်။

    “ချောင်းဆုံမြို့အနီး ပင်လယ်ကမ်းစပ်နဲ့ သံလွင်မြစ်ဝ ကျေးရွာတွေမှာ ဒီခရုမျိုးစိတ်သစ်ကို အရင်က မတွေ့ခဲ့ဘူးပါ၊ ဒီနှစ်မှာ ပြန့်ပွားတဲ့နှုန်းက ရုတ်တရက်များပြားလာတော့ လက်နဲ့ ကောက်ယူဖျက်ဆီးပစ်ရတဲ့အခြေအနေ ဖြစ်နေရပြီ” ဟု ကော့မုပွန်ရွာမှ လယ်ရှင်တဦးက ပြောသည်။

    ၄င်းခရုမျိုးစိတ်သစ် အများဆုံးကျရောက်သောကျေးရွာများမှာ ကော့မုပွန်ရွာ၊ ဒေါင်းရပ်ရွာ၊ ကညှော်ရွာ၊ ဒရယ်ရွာ၊ နတ်မှော်ရွာ၊ ဟင်္သာကျွန်းနှင့် ကျောက်တန်းရွာများတွင် ကျရောက်မှုအများဆုံးဖြစ်သည်ဟု ချောင်းဆုံမြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မြို့နယ်မန်နေဂျာရုံးမှ ဝန်ထမ်းတဦးက ပြောသည်။

    “သံလွင််မြစ်ဝနဲ့ ဆက်စပ်နေတဲ့လယ်ကွင်းတွေမှာ ဒီမျိုးစိတ်သစ် ခရုမျိုးသစ်တွေ အကျများနေတယ်၊ ကျတတ်တဲ့နေရာက စပါးပျိုးခင်းရော ပြောင်းစိုက်စအပင်တွေ၊ အပင်ရင့်တွေပါ အပြောင်ကိုက်လိုက်တာပါပဲ၊ အငုတ်ပဲကျန်တယ်၊ ညပိုင်းဘက်တွေမှာ အပင်ကို ကိုက်စားတယ်” ဟု ၄င်းဝန်ထမ်းက ဆက်ပြောသည်။

    ဤခရုမျိုးစိတ်သစ်ကို ယခုနှစ်တွင် မွန်ပြည်နယ်ဒေသ၌ စတင်ကျရောက်လာပြီး သံလွင်မြစ်ကြောင်းမှ စီးဆင်းလာနိုင်တာဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဘားအံမြို့နယ်ဖက်တွင် အလားတူ၄င်းခရုမျိုးကိုတွေ့ရှိခဲ့ရသည်ဟု ဘားအံမြို့နယ် လယ်သမားများထံ မှသိရသည်။

    “ဒီခရုမျိုးစိတ်သစ်က နွေရာသီကတည်းက ဥအုခဲ့တယ်၊ ထူးခြားတာက ရေငံရောက်တဲ့နေရာမှာ မအုဘဲ ရေချိုလယ်မှာဥအုတယ်၊ အခုအချိန်မှာ ဥအုတာ ကျူပင်၊ ကိုင်းပင်၊ ပင်စည်မာမြက်ပင်၊ နောက်ပြီး စပါးပင်ရင့်တဲ့အပေါ်မှာ ရေနဲ့လွတ်တဲ့ တစ်ပေအထက်လောက်မှာ ဥအုတတ်တယ်၊ ဥအုံတခုမှာ အရေအတွက် တစ်သောင်းကျော်ရှိတယ်၊ ပွားနှုန်းလည်းများတယ်၊ မြန်တယ်” ဟု ချောင်းဆုံမြို့၊ မြို့နယ်မန်နေဂျာရုံးမှ ပိုးမွှားရောဂါဆိုင်ရာ ဝန်ထမ်းတဦးက ပြောသည်။

    “ဒီခရုမျိုးစိတ်သစ်ဥအရောင်က ပန်းနုရောင်ဖြစ်ပြီး အကောင်ကြီးက လဖက်ရည်ပန်းကန်လုံးခန့်ရှိ်ပြီးတော့ အရောင်ကနီကျင်ကျင် အစင်းကြောင်းလည်းပါတယ်၊ ခရုခွံမှာ ပါးပြီးတော့ ကြေလွယ်တယ်” ဟု ၄င်းပိုးမွှားဝန်ထမ်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks