Homeသတင်းမုဒုံမြို့နယ်တဝိုက် CDMA ဖုန်းဆက်သွယ်မရဖြစ်နေဆဲ

မုဒုံမြို့နယ်တဝိုက် CDMA ဖုန်းဆက်သွယ်မရဖြစ်နေဆဲ

-

နိုင်မာန် –  မွန်ပြည်နယ်၊ မုဒုံမြို့နယ် အော်တိုအိပ်ချိန်း ဆက်သွယ်ရေးရုံးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လွန်ခဲ့သည့်နှစ်လကြာတွင် ဗုးံဖောက်ခွဲသည့်အချိန်မှစ၍ ယနေ့အချိန်ထိ စီဒီအမ်အေဖုန်းကိုင်ဆောင်သူများ ဆက်သွယ်မရဖြစ်နေကြောင်း ဒေသခံများကပြောသည်။

လွန်ခဲ့သည့်မေလလယ်ခန့်တွင် မုဒုံမြို့အနီး ကျုံဖိုက်ကျေးရွာလမ်းဝရှိ အော်တိုအိပ်ချိန်ရုံးကို လက်နက်ကိုင်အဖွဲ့တဖွဲ့ဝင်ရောက်ဖောက်ခွဲရာတွင် CDMA 450 Mhs တာဝါတိုင်ထိမှန်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

“အော်တိုရုံး ဗုံပေါက်ပြီးကတည်းက ဖုန်းတွေ ဆက်လို့မရ။ အမျိုးအစားမတူရင် ပိုဆိုးတယ် GSM ဖုန်းကနေ CDMA ကို ခေါ်လို့မရ၊ CDMA ကနေ GSM ဖုန်းကို ခေါ်လို့မရ” ဟု မုဒုံမြို့မှ ဖုန်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ CDMA 450 Mhs ဆက်သွယ်ရေးစနစ်ပျက်ခဲ့ပြီးနောက် မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာနှင့် မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာကြားဧရိယာတို့တွင် CDMA 450 MHs ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေပြီး ၄င်းဧရိယာပြင်ပသို့ရောက်ရှိမှသာ အဆက်အသွယ်ရရှိနိုင်သည်ဟု သိရသည်။

ပျက်ဆီးသွားသည့် ဖုန်းတာဝါတိုင်ကို ပြန်လည်မပြုပြင်ပဲ ဆက်သွယ်ရေးဌာနမှ GSM ဖုန်းထပ်ရောင်းရန် စီစဉ်နေသည်ဟု မြို့ခံတို့က ပြောဆိုနေကြသည်။

ဒေသတွင်း CDMA ဖုန်းသုံးစွဲခဲ့ရသည်မှာ ကာလမကြာသေးသော်လည်း ယခုတဖန် GSM ဖုန်းထပ်ဝယ်ရပါက CDMA ဖုန်းစျေးကဲ့သို့ကုန်ကျမည်ဖြစ်သည့်အတွက် ဖုန်းအသစ်ဝယ်ရန်မတတ်နိုင်သေးဟု မုဒုံမြို့တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

“CDMA ဖုန်းကို တာဝန်ရှိသူတွေက မပြင်ပေးသေးဘူး၊ လက်နက်ကိုင်အဖွဲ့တွေ ဖျက်ဆီးလိုက်တာကို ဒီအတိုင်းပဲ ထားပစ်ခဲ့တယ်၊ ဖုန်းဆက်လို့မရရင် ဗုံးခွဲခဲ့တဲ့အဲဒီလက်နက်ကိုင်အဖွဲ့တွေကိုပဲအပစ်တင်ပြောနေဖို့ တမင်လုပ်ထားသလိုပဲ၊ ဒေသခံပြည်သူတွေပဲ ဒုက္ခရောက်ရတယ်” ဟု မုဒုံမြို့မှ လူငယ်တဦးက ပြောသည်။

Moblie ဆက်သွယ်စနစ်အဖြစ် မွန်ပြည်နယ်အတွင်း GSM စခန်း သုံးခုရှိပြီး GSM တယ်လီဖုန်းပေါင်း ၃၂၀၀ ကျော်ကို အသုံးပြုလျက်ရှိကြောင်း၊ ပင်လယ်ပြင် ကမ်းနီးကမ်းဝေး CDMA စခန်း ခြောက်ခုကိုလည်း ပြည်နယ်တစ်ဝန်းလွှမ်းခြုံမိစေရန် တည်ဆောက်ထားပြီး CDMA တယ်လီဖုန်းပေါင်း ၇၀၀၀ ကျော်နှင့် ကျေးလက်ဆက်သွယ်ရေးစနစ် PCOတယ်လီဖုန်းအလုံး ၅၀၀ နီးပါး အသုံးပြုလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts