Saturday, March 14, 2026
More
    spot_img
    Homeသတင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒကနေရာအစား ဆရာတော် ဘဒ္ဒန္တ ကုမာရအား ရွေးချယ်

    ဆရာတော် ဘဒ္ဒန္တ ဣန္ဒကနေရာအစား ဆရာတော် ဘဒ္ဒန္တ ကုမာရအား ရွေးချယ်

    -

    ဂျူရီချိုင်း- – မွန်ပြည်နယ် မွန်စာပေနှင့် ဗုဒ္စဘာသာ ယဉ်ကျေးမှု ဥက္ကဌ ဆရာတော်ဘဒ္ဒန္တ ဣန္ဒက ပျံလွန်တော်မူသည့်နေရာအစား မုဒုံမြို့မှ ဆရာတော် ဘဒ္ဒန္တကုမာရအား ရွေးချယ်လိုက်ကြောင်း သိရသည်။
    “ဆရာတော် ဘဒ္ဒန္တ ကုမာရက ဆရာတော် ဣန္ဒကအစား အကျိုးဆောင် ဆောင်ရွက်နိုင်မယ် လို့ယုံကြည့်ပြီး အခုလို ရွေးချယ်လိုက်တာဖြစ်တယ်” ဟု မွန်စာပေ ယဉ်ကျေးမှု (ဗဟို) ဥက္ကဌမှ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ပျံလွန်တော်မူခဲ့သောမွန်ပြည်နယ်မွန်စာပေနှင့်ဗုဒ္စဘာသာယဉ်ကျေးမှုမိန့်ခွန်းမြွက်ကြားခဲ့စဉ်
    ပျံလွန်တော်မူခဲ့သောမွန်ပြည်နယ်မွန်စာပေနှင့်ဗုဒ္စဘာသာယဉ်ကျေးမှုမိန့်ခွန်းမြွက်ကြားခဲ့စဉ်

    ဆရာတော် ဘဒ္ဒန္တ ဣန္ဒကနေရာအစား ရွေးချယ်တင်မြှောက်လိုက်သည့် ဆရာတော် ဘဒ္ဒန္တ ကုမာရမှာ မုဒုံမြို့ အောင်စေတီကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သည်။
    ဆရာတော် ဘဒ္ဒန္တ ကုမာရသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့၌ မုဒုံမြို့နယ် ကမာဝက်ရွာ လဝီမာန်ထော ဘုန်းတော်ကြီးကျောင်းတွင် ရွေးချယ်တင်မြှောက်ပွဲကျင်းပသည့်အခမ်းအနား၌ အရွေးခံရခြင်းဖြစ်သည်သည်ဟု အထက်ပါ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    အဆိုပါ အခမ်းအနားတွင် တိုက်နယ် ၁၁ တိုက်မှ ဆရာတော် ၁၁ ပါးနှင့် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ကော်မတီများလည်း တက်ရောက်ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
    ပျံလွန်တော်မူသွားသည့် မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆရာတော် ဣန္ဒကမှာ လွန်ခဲ့သည့်ဇွန်လ ၁၅ ရက်နေ့တွင် မုဒုံမြို့နယ် ကမာဝက်ရွာ လဝီမာန်ထောဘုန်းတော်ကြီးကျောင်းတွင် ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

    ဆရာတော်သည် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ ပျံလွန်တော်မူချိန်ထိ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ မွန်ဒေသလုံးဆိုင်ရာ ဥက္ကဌ မုဒုံမြို့နယ် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်လာခဲ့သည်ဟု ဆရာတော်၏ တပည့်သံဃာတော်တပါးက မိန့်သည်။

    ဆရာတော် ဘဒ္ဒန္တ ကုမာရသည် ယခင်နှစ်က မုဒုံမြို့နယ် မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks