Saturday, March 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ မြို့နယ်အုပ်ချုပ်ရေးမှူး ပြောင်းလဲ

    ဘုရားသုံးဆူ မြို့နယ်အုပ်ချုပ်ရေးမှူး ပြောင်းလဲ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်နှင့် အဟောင်း ယမန်နေ့တွင် တာဝန်လွှဲပြောင်းခဲ့ကြောင်း ဝန်ထမ်းများပြောပြချက်အရ သိရသည်။

    အဆိုပါမြို့နယ်အုပ်ချုပ်ရေးမှူးသစ်မှာ ဦးသိန်းထွန်းဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့က ပြည်တွင်းမှ ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူမြို့သို့ ရေလမ်းကြောင်းဖြင့် လျှို့ဝှက်တက်ရောက်လာခြင်းဖြစ်သည်ဟု အထက်ပါ ဝန်ထမ်းကပြောသည်။

    ယခုမိုးရာသီကာလများ၌ ကြာအင်းဆိပ်ကြီးမှဘုရားသုံးဆူမြို့ ရေလမ်းခရီးသည် KNU တပ်မဟာ ၆ ထိန်းချုပ်မှုအောက်တွင်ရှိသော်လည်း သာမန်အရပ်သားများအနေဖြင့် သွားလာနိုင်သည်။

    “ဦးမျိုးကြည်က ဒီမှာတာဝန်ကျတာ နှစ်တွေအတော်ကြာပြီး၊ နယ်စပ်ဆိုတော့ ငွေထုတ်ပိုက်ပြီးပြန်သွားတဲ့သဘောပေါ့” ဟု ဘုရားသုံးဆူမြို့ပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ဂိတ်အား ယခင်မြန်မာစစ်အစိုးရလက်ထက်မှစ၍ တဖက်သတ်ပိတ်ခဲ့သဖြင့် နိုင်ငံတော်၏နှစ်နိုင်ငံ နယ်ခြားအကောက်ခွန်လုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။သို့ရာတွင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆက်လက်တည်ရှိနေသဖြင့် ဒေသရှိအုပ်ချုပ်ရေးအာဏာပိုင်များအား ငွေကြေးအထောက်အပံ့ဖြစ်စေခဲ့သည်။

    “ထိုင်းဖက်အခြမ်းက ဓါတ်ဆီဒီဇယ်ဆီ၊ ခဲသတ္တုလုပ်ငန်း၊ သစ်ပရိဘောဂလုပ်ငန်း၊ ဆန်နဲ့စားသောက်ကုန်အမျိုးမျိုး၊ အရက်ဘီယာစတာတွေ နေ့တိုင်းလိုလို အပြန်အလှန်နယ်စပ်ဖြတ်ကျော်ဝင်နေတယ်၊ အဲဒီကရတဲ့အကောက်ငွေတွေဟာ မြို့အာဏာပိုင်တွေအတွက်ပဲ၊ နိုင်ငံတော်ကို တစ်ပြားမှမရဘူး” ဟု နယ်စပ်ဒေသဖွံဖြိုးရေးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ယခင်မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးကြည်မှာ ဘုရားသုံးဆူမြို့တွင် ၃ နှစ်၊ ၇ လတိတိကြာမြင့်ခဲ့သည်ဟုသိရပြီး နယ်မြေခံတပ်ရင်း ခလရ ၂၈၄ နှင့်အတူ မကြာမီရက်ပိုင်းတွင် ပြည်တွင်းသို့ ပြန်မည်ဟုသိရသည်။

    လက်ရှိဘုရားသုံးဆူမြို့ရှိ ခလရ တပ်ရင်း ၂၈၄ စစ်ကြောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့မှ တက်လာသော ခလရတပ်ရင်း ၃၂ စစ်ကြောင်းတို့ မကြာမီရက်ပိုင်းတွင် တပ်အပြောင်းအလဲပြုလုပ်လိမ့်မည်ဟု နယ်စပ်စစ်သတင်း စောင့်ကြည့်သူများက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်အခြေစိုက်ရန် တက်လာနေသည့် ခလရတပ်ရင်း ၃၂ စစ်ကြောင်းသည် ယနေ့တွင် ဘုရားသုံးဆူမြို့နယ် တားဒိန်ကျေးရွာဒေသတစ်ဝိုက်၌ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks