Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ဒေသအချို့တွင် ပြန်ပေးသမားရန် ကြောက်နေရ

    မွန်ဒေသအချို့တွင် ပြန်ပေးသမားရန် ကြောက်နေရ

    -

    မင်းတော်လ၀ီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လွန်ခဲ့သည့်သီတင်းပတ်တွင် လမ်းအလုပ်သမားဝန်ထမ်းတစ်ဦး ပြန်ပေးသမားများ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် လယ်ယာ၊ ခြံမြေလုပ်ကိုင်ကြသူ ဒေသခံများ ထိတ်လန့် နေကြရသည်ဟု သိရသည်။

    “ရာဘာခြံကို အဖေါ်မပါပဲ တယောက်တည်းမသွားရဲတော့ဘူး၊ နောက်ပြီးလယ်တောမှာ ညအိပ်ညနားပြီးလယ်အလုပ်လုပ်ဖို့ သိပ်ကို ထိတ်လန့်နေတယ်၊ လယ်တောနဲ့ရွာသိပ်ဝေးနေ တော့အသွားအပြန်နဲ့ အလုပ်မဖြစ်ဘူး၊ ခါတိုင်းနှစ်ဆို လယ်တောမှာပဲနေပြီးလုပ်တယ်”ဟု မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကမာဝက်ရွာမှ လယ်ရှင်တဦးက ပြောသည်။

    မုဒုံ-သံဖြူဇရပ်ကားလမ်းကံထရိုက်ရရှိထားသည့် အေကို (AK) လမ်းတံတားဆောက်လုပ် ပြုပြင်ရေးကုမ္ပဏီအလုပ်သမားဝန်ထမ်းတစ်ဦးအား ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်နှင့် ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၁၅၀ ပေးရန် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ၄င်းအလုပ်သမားသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ငွေကြေးပေးဆောင်ရခြင်းရှိမရှိ မသိရပေ။ အေကေ လမ်းတံတားဆောက်လုပ်ရေးကုမ္ပဏီသည် မော်လမြိုင်မြို့မှ ရေးမြို့နယ် မလွှဲတောင်အထိ လမ်းပြုပြင်ရန် ကန်ထရိုက်ယူထားသော ကုမ္ပဏီဖြစ်သည်။

    အလုပ်သမားတစ်ဦးပြန်ပေးဆွဲခံရပြီးနောက် အခြားအလုပ်သမားများ ၄င်းနေရာများတွင် အလုပ်မလုပ်ရဲကြတော့ပေ။ ဒေသခံစစ်တပ်မှ လုံခြုံရေးတင်းကြပ်ထားသော်လည်း ပြန်ပေးသမားများအား ပစ်ခတ်နှိမ်နင်းသည့်သတင်းမကြားသိရသေးပေ။

    ထိုနည်းတူ ယခုကာလသည် ရာဘာခြစ်ရာသီခေတ္တရပ်နားထားသော်လည်း ရာဘာ ပင်များပြုစုထိန်းသိမ်းရေးခြင်း၊ အပင်တိုးချဲ့စိုက်ပျိုးနေခြင်း ဆောင်ရွက်နေရချိန်တွင် ပြန်ပေးသမားသတင်းကြောင့် ခြံမသွားရဲဖြစ်နေရကြောင်း သံဖြူဇရပ်မြို့နယ် ပငရွာသား ရာဘာခြံရှင်တဦးက ပြောသည်။

     “ခြံရှင်များကဌာနေစစ်တပ်နှင့်ရဲတပ်ဖွဲ့တွေကို တိုက်ရိုက်အသိပေးချင်ပေမဲ့လည်း စစ်လားဆေး လားလုပ်လာမှာစိုးတာကတကြောင်း၊ နောက်ပြီး ဒီပြန်ပေးသမားတွေနဲ့အဆက်ရှိလို့သိနေတာလား ဆိုပြီးစွပ်စွဲမှာကြောက်လို့မပြောဆိုရဲကြ” ဟု ပငရွာရာဘာခြံရှင်တဦးက ဆက်ပြောသည်။

    လွန်ခဲ့သည့် မေလ ၁၄ ရက်နေ့တွင် မုဒုံမြို့အနီး အိပ်ချိန်းရုံးကို လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဖောက်ခွဲပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks