spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဖိနပ်ရုံဆန္ဒပြအလုပ်သမားများ အလုပ်ပုံမှန်ပြန်ဆင်းနေကြပြီ

    ဖိနပ်ရုံဆန္ဒပြအလုပ်သမားများ အလုပ်ပုံမှန်ပြန်ဆင်းနေကြပြီ

    -

    မိလယီထော – ဖိနပ်ရုံဆန္ဒပြအလုပ်သမားများအား အလုပ်ရှင်က တစ်နေ့လုပ်ခ ၁၅ ဘတ်တိုးပေးလိုက်သဖြင့် ပြီးခဲ့သည့်စနေနေ့မှစ၍ အလုပ်ပုံမှန်ဆင်းနေကြပြီဟု မြန်မာအလုပ်သမားခေါင်းဆောင် ကိုအောင်မြင့်စိုးက ပြောသည်။

    အဆိုပါ Basini Enterprise Co., Ltd ဖိနပ်အလုပ်ရုံသည် စံခလပူရီမြို့နှင့် ဘုရားသုံးဆူမြို့အကြား မော်တော်ကားလမ်းမဘေးရှိ “ဂွတ်ချရွာ” တွင် တည်ရှိနေသည်။

    “ကျနော်တို့တောင်းဆိုခဲ့တဲ့အတိုင်း ဘတ် ၃၀ ကနေ ဘတ် ၂၀ တိုးပေးဖို့ကို အပြည့်အဝမရပေမယ့် တစ်နေ့ ၁၅ ဘတ်တိုးပေးကို အလုပ်သမားတွေကသဘောတူကြတယ်၊ ဒါပေမယ့် ကျေနပ်လောက်တဲ့အဆင့်မရောက်သေးပါ” ဟု ကိုအောင်မြင့်စိုးက ဆက်ပြောသည်။

    ဖိနပ်ရုံအလုပ်သမားများ အလုပ်ခွင်မှ ပြန်လာစဉ်
    ဖိနပ်ရုံအလုပ်သမားများ အလုပ်ခွင်မှ ပြန်လာစဉ်

    အဆိုပါဖိနပ်အလုပ်ရုံသည် ၁၅ ရက်တွင်တကြိမ် အလုပ်သမားစရိတ်ရှင်းပေးခဲ့ရာတွင် အလုပ်သမားတစ်ဦးလျှင်အများဆုံး ဘတ် ၁၅၀၀ ခန့်သာရရှိတတ်ပြီး ယနေ့ကုန်စျေးနှုန်းတိုးမြင့်လာခြင်းကြောင့် လုပ်အားခပိုမိုတိုးမြင့်ပေးရန်တောင်ဆိုခြင်းဖြစ်သည်ဟု သိရသည်။

    “ဟိုတုန်းက တနေ့ ၁၀ နာရီအလုပ်ချိန် ဘတ် ၇၀ ကနေ အခု ၈၅ ဘတ်တိုးလာတယ်” ဟု ဖိနပ်အလုပ်ရုံအလုပ်သမား ကိုမောင်ဝင်းက ပြောသည်။

    အလုပ်ရှင် ၁၅ ဘတ်တိုးပေးခဲ့ခြင်းသည် အလုပ်သမားများအတွက်အဆင်ပြေမှုမရှိသော်လည်း လတ်တလောစားဝတ်နေရေးပြေလည်ရေးအတွက်သာ အလုပ်ပြန်ဆင်းနေကြရသည်ဟု ကိုမောင်ဝင်းက ပြောသည်။

    လက်ရှိကာလမိဘနေရပ်ထံငွေလွှဲပေးပို့ကြရာတွင် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာသောကြောင့် မြန်မာငွေကျပ်တစ်သိန်းရရှိရန် ထိုင်းဘတ်ငွေလေးထောင်နီးပါးပေးဆောင်နေရသည်။

    “၁၅ ရက်တခါငွေထုတ်တော့ စားစရိတ် ၇၀၀ လောက်ဆပ်လိုက်ရတယ်၊ အိမ်ကိုငွေပို့တဲ့အခါ မနှစ်ကနဲ့မတူတော့ပြန်ဘူး၊ မြန်မာငွေနဲနဲပဲရတော့တယ်”ဟု ကိုမောင်ဝင်းက ဆက်ပြောသည်။

    စားဝတ်နေရေးမပြေလည်မှုကြောင့် Basini Enterprise Co., Ltd ဖိနပ်အလုပ်ရုံနှင့်ရုံခွဲများမှအလုပ်သမား ၂၀၀၀ ခန့် လုပ်အားခတိုးပေးရန် ပြီးခဲ့သည့်ဇူလိုင်လ ၇ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ရာ နှစ်ဖက်ပြေလည်အောင်ချက်ချင်းမညှိနှိုင်းနိုင်ကြသဖြင့် အလုပ်ရုံ ၂ ရက်ပိတ်ခဲ့ရခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံရှိဘုရားသုံးဆူဒေသတဝိုက်တွင် ဖိနပ်အလုပ်ရုံနှင့် အထည်ချုပ်စက်ရုံ ၃၀ နီးပါးရှိပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့မှ လုပ်သား ၄၀၀၀ ခန့် နေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks