spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျန်းမာရေးဌာနနှင့် IOM ပူပေါင်းပြီး ငှက်ဖျားရောဂါဖြစ်ရာဒေသမှာ ခြင်ထောင်ဝေငှ

    ကျန်းမာရေးဌာနနှင့် IOM ပူပေါင်းပြီး ငှက်ဖျားရောဂါဖြစ်ရာဒေသမှာ ခြင်ထောင်ဝေငှ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါဖြစ်နိုင်ချေရှိသည့် ဒေသတချို့မှာ နိုင်ငံတကာ ရွေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) နှင့် မြို့နယ်ကျန်းမာရေးဌာနတို့မှ ပူပေါင်းပြီး ခြင်ထောင် လိုက်လံဝေငှပေးနေသည်။

    “ကျမတို့ မုဒုံဘက်မှာဆို ငှက်ဖျားအဖြစ်များတယ်၊ ၁၀ ယောက်စစ်ရင် ၃ ယောက်က ငှက်ဖျားပိုးရှိတယ်၊ ဒါက မုဒုံဘက်မှာပေါ့နော်၊ IOM နယ်လှည့်ငှက်ဖျားတိုက်ဖျတ်ရေးအဖွဲ့ကနေ တစ်လတစ်ခါ၊ တခါတလေကျတော့ တစ်လမှာ နှစ်ခါ စစ်ဆေးနေတယ်” ဟု မုဒုံမြို့နယ်ရှိ နိုင်ငံတကာ ရွေ့ပြောင်းသွားလာရေးအဖွဲ့မှ အဖွဲ့ဝင် မသန်းဌေးက ပြောသည်။

    ဇွန်လနောက်ဆုံးအပတ်ခန့်မှာ မုဒုံမြို့နယ်အတွင်းရှိ ငှက်ဖျားရောဂါ စစ်ဆေးတွေ့ရှိမှုနှင့် ဖြစ်နိုင်ချေရှိသည့် ကျေးရွာ ၈ ရွာကို ခြင်ထောင် ဝေငှပေးထားပြီးဖြစ်ကြောင်း မသန်းဌေးက ပြောသည်။

    “ရှိရင်းအိမ်ခြေထက် ၂ ဆပေးထားတယ်၊ ရွာမှာအိမ်ခြေ တစ်ထောင်ရှိရင် ခြင်ထောင် နှစ်ထောင် ချပေးတယ်၊ ကျမတို့မှာတော့ ကျန်းမာရေးဌာနကနေ အလုံး (၈၀၀) ပေးတယ် IOM ကနေပြီး အလုံး (၅၀၀) ပေးတယ်” သူက ဆက်ပြောသည်။

    အခု ဝေငှပေးနေသည့် ခြင်ထောင်များကို ဒေသခံများ အသုံးမပြုမှာကို စိုးရိမ်သည့်အတွက် ခြင်ထောင်ထည့်အိတ်တွေကို ကျန်းမာရေးဌာနမှ ပြန်လည်ယူဆောင်သွားကြောင်းလည်း သူမကဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါ စစ်ဆေးတွေ့ရှိသည့် ဧရိယာမှာ အထက်မှ အမိန့်အရ ခြင်ထောင်ဝေပေးနေကြောင်း ကျန်းမာရေးဌာနမှ နယ်မြေဒေသခံများကိုဝေငှပေးပြီး၊ (IOM) အဖွဲ့အနေဖြင့် ၄င်းနယ်မြေဒေသသို့ ပြောင်းရွေ့လာသည့် အလုပ်သမားများကို ဝေငှပေးသည်ဟု မုဒုံမြို့နယ်၊ နှီးပဒေါ်တိုက်နယ်ဆေးပေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဒီရန်ပုံငွေတွေက Global Fund (ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ) က ရထားတဲ့ငွေတွေဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ဒေသတွေကို အခုလို ဝေငှပေးရတယ်” ဟု ၄င်းက ဆက်ပြောသည်။

    နယ်လှည့်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ်ကျန်မာရေးဌာနတို့၏ သုတေသနပြု ချက်အရ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွေမှာ ငှက်ဖျားရောဂါ ဖြစ်နိုင်ချေဧရိယာများ ရှိနေခြင်းကြောင့် ယခုလို ခြင်ထောင် လိုက်ဝေးငှ ပေးရကြောင်း သိရသည်။

    “ကျနော်တို့အိမ်တော့ ၂ လုံးရတယ် ဒါပထမဆုံအကြိမ်းရတာပဲ တစ်ခါမှမရဖူးဘူး၊ ဆရာဝန်တွေ ဆရာမတွေ ဆင်းလာပြီးတော့ ဝေပေးတယ်၊ ရပြီးရင်လည်း မသိမ်းထားဖို့ အသုံးပြုဖို့ သူတို့က ပြောတယ်” ဟု ခြင်ထောင်ကို လက်ခံရရှိထားသူ မုဒုံမြို့နယ်၊ ဒိုးမာရွာခံတစ်ဦးက ပြောသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks