spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမလေးရှားရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်လက်မှတ် မပြုလုပ်လိုကြ

    မလေးရှားရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်လက်မှတ် မပြုလုပ်လိုကြ

    -

    ကျလွန်းထော – မလေးရှားအစိုးရ ခွင့်ပြုချက်ဖြင့် ၄င်းတို့တွင် ရောက်ရှိနေသည့် နိုင်ငံအခြားမှ တရားမဝင် အလုပ်သမားများကို မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာသံရုံး၌ တရားဝင်နေထိုင်ခွင့်လက်မှတ် ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြန်မာနိုင်ငံ အလုပ်သမားအများစုမှာ မပြုလုပ်လိုကြောင်း ပြောသည်။

    မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မြန်မာနိုင်ငံ အလုပ်သမားများ ငြင်းဆိုသည့်အကြောင်းအရင်းကား ငွေကြေးကုန်ကျမှု များခြင်းနှင့် မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တိကျသောအာမခံ မရသောကြောင့်ဖြစ်ကြောင်း တရားမဝင် နေထိုင်နေသူ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

    “မလုပ်ချင်တဲ့ သူတွေက အများကြီးပဲ၊ ၄၅၀၀ ရင်ဂစ် (မြန်မာငွေကျပ် ၁၂ သိန်းခန့်) တောင် ပေးရမယ်၊ တကယ်မဟုတ်ဘဲ အလိမ်ခံထိသွားရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ မလေးအစိုးရက တကယ့်တိတိကျကျနဲ့ ဒီတရားဝင်ကဒ် လုပ်ဖို့ အတိအလင်း ကြေငြာထားတာ မတွေ့ရဘူး၊ အဖမ်းခံထိရင်လည်း ၉၀၀ ရင်ဂစ်နဲ့ ထိုင်းနိုင်ငံရောက်ပြီး၊ ပြန်လိုက်ယုံပဲ၊ ဒီလောက်ပိုက်ဆံနဲ့တော့ မလုပ်နိုင်ဘူး” ဟု ၄င်းက ပြောသည်။

    လာမည့်ဇူလိုင်လ ၁၁ ရက်နေ့မှ စ၍ မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိရန် မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် သွားရောက်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံထုတ် သတင်းစာတွင် ဇွန်လပထမအပတ်က ကြေငြာခဲ့သည်ဟု ကိုယ်တိုင်ဖတ်ခဲ့ရသည့် မြန်မာအလုပ်သမား ကိုအောင်က ပြောသည်။ သို့သော် မြန်မာအစိုးရနှင့် မလေးရှားအစိုးရအကြား တရားဝင်သဘောတူညီချက်ကို မတွေ့ရပေ။

    “အခုလည်း အဖမ်းအဆီးတွေ တော်တော်များနေတယ်၊ ဒီတရားဝင်ကဒ်လုပ်ခိုင်းဖို့နေမှာ၊ အဲဒီလို ဖမ်းလည်း မြန်မာအလုပ်သမားတွေ လုပ်မှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒီလက်မှတ်က ဒီနိုင်ငံမှာတစ်ခုပဲ နေလို့ရတယ်၊ ပိုက်ဆံကလည်း များများပေးရ ကိုယ့်နိုင်ငံကိုလည်း တရားဝင်ပြန်လို့မရဘူးဆိုတော့ ဒီမှာ လုပ်မယ့်အစား ကိုယ့်နိုင်ငံမှာပဲ ပတ်စပို့ (ဗီဇာ) သွားလုပ်မှာပေါ့” ဟု အလုပ်သမားကိုအောင်က ပြောသည်။

    ၄င်းတရားဝင် လက်မှတ် ပြုလုပ်မည့်သူများသည် မလေးရှားနိုင်ငံ မြန်မာသံရုံးနှင့် ကွမ်လာလမ်ပူမြို့ရှိ မဟာနန်း မြန်မာစားသောက်ဆိုင်တွင် အမည်၊ မှတ်ပုံတင် အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံစာများ တင်သွင်းပေးရပြီး၊ ၄င်းမှတစ်ဆင့် မြန်မာသံရုံး တာဝန်ရှိသူများမှ အလုပ်ရှင်များနှင့် ဆွေးနွေးပြီးမှသာ တရားဝင်နေထိုင်ခွင့်လက်မှတ် ပြုလုပ်ခွင့်ပေးမည်ဟု မလေးရှားရောက် မြန်မာနိုင်ငံ အလုပ်သမားရေးရာအကျိုးဆောင် မင်းသုမွန်က ပြောသည်။

    “အမည်စာရင်းပေးပြီးရင် အလုပ်ရှင်နဲ့တွေ့ပြီး သေခြာဆွေးနွေးပြီးမှ လုပ်ပေးမယ်လို့ ပြောတယ်၊ အခုချိန်မှာ အလုပ်သမားအများစုက မယုံကြဘူး၊ သေခြာပေါက် အလိမ်ခံထိမယ်လို့ သူတို့ကပြောနေတယ်၊ မလေးရှားအစိုးရခွင့်ပြုချက်ပေးတယ်ဆိုရင် တခြားနိုင်ငံတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေငြာရမယ်၊ အခုဟာက အနည်းအကျင်းလောက်ပဲဆိုတော့ သိပ်မသေခြာဘူး၊ ကောလဟာလ သဘောလို ဖြစ်နေတယ်” ဟု ကိုမင်းသုမွန်က ပြောသည်။

    မြန်မာအလုပ်သမာအများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဝပ်ရှော့နှင့်ကားပြင်လုပ်ငန်း၊ ကုန်စုံဆိုင်နှင့်စတိုးလုပ်ငန်းနှင့် ကွန်ပြူတာပစ္စည်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။

    ၂၀၁၁ ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိပြီး ၃ ပုံ ၁ ပုံမှာ တရားဝင်နိုင်ငံကူးပတ်စပို့ရှိသူများ ဖြစ်ပြီး ၂ ပုံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး၏ ကြေငြာချက်အရ သိရှိရသည်။

    မလေးရှားနိုင်ငံသို့ အလုပ်သမားဗီဇာဖြင့် ဝင်ရောက်လုပ်ကိုင်မည့်သူများ အလုပ်ခေါ်စာ လျှောက်ထားခွင့်ကို ဇွန်လ ၁ ရက်နေ့မှစ၍ ၆ လကြာ ပိတ်ထားမည်ဟု မလေးရှားအစိုးရက ဇွန်လအတွင်းတွင် ထုတ်ပြန်ထားသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks