spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင်ရပ်တည်နေကြောင်းထုတ်ပြန်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင်ရပ်တည်နေကြောင်းထုတ်ပြန်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ရန်ကုန်မြို့အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇွန်လ (၂၉) ရက်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လိုက်သည်။ စာအပေါ် ၄င်းပါတီသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း ပျက်ပြယ်ခြင်းမရှိပဲ ရပ်တည်နေကြောင်း ငြင်းချက်ထုတ်ထားပေသည်။ ဇွန်လ (၂၈) ရက်နေ့ ကြေးမုံပါသတင်းစာအရ ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်ရွှေနှင့် ဒေါ်အောန်ဆန်းစုကြည်တို့အား ပေးပို့သည့်စာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများသည် တည်ဆဲဥပဒေများနှင့် ငြိစွန်းနိုင်ကြောင်း လူမှုရေးအသင်းအဖွဲ့အနေဖြင့် ရပ်တည်ရန်တိုက်ထွန်းထားပေးသည်။

    ထိုသို့သောအခြေအနေအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တရားဥပဒေအရ မဖျက်သိမ်းနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီမှ လွတ်လပ်သော မွန်သတင်းအေဂျင်စီကို အခုလို ပြောသည်။

    “တရားဥပဒေရှုးထောင့်အနေနဲ့ကြည့်ရင် NLD ကို လုံးဝဖျက်သိမ်းလို့မရဘူး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကနေ ပြန်လည် ထုတ်ပြန်ထားတဲ့ ကြေငြာချက်မှာပါတဲ့အတိုင်းပဲ NLD ဟာ တရားဝင် ရပ်တည်နေတဲ့ ပါတီတစ်ပါတီဖြစ်တယ်၊ ဖျက်သိမ်းခံထားရတဲ့ ပါတီမဟုတ်ဘူး” ထိုင်းအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီရုံးမှ တာဝန်ခံ ဦးမျိုးက ပြောသည်။

    မြန်မာနိုင်ငံရှေ့နေများကောင်စီအနေနှင့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သည့်ထုတ်ပြန်ကြေငြာစာအပေါ် အကြွင်းမဲ့ ထောက်ခံကြောင်းလည်း ဦးမျိုးက ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥပဒေအမှတ်-၄/၈၈ ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမုဒ်မ-၄၀၇ ပါ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသော အချက် (၄) ချက်ပါ ပြဌာန်းချက်နှင့်လည်း လုံးဝငြိစန်းခြင်းမရှိကြောင်း ကြေငြာချက်မှာ ပါရှိသည်။

    “အစိုးရဘက်က NLD ဟာ မတရားဝင်ဘူးပြောမယ်၊ NLD ဘက်ကတော့ သူတို့ပါတီဟာ တရားဝင်ပါတီဖြစ်တယ်လို့ ပြန်လည် တုန့်ပြန်မယ်၊ ဒါတွေကို ဒီမိုကရေစီလမ်းကြောင်းအစစ်အမှန်အတိုင်း သွားမယ်ဆိုရင် နှစ်ဖက်စလုံး ပြေလည်အောင် တွေ့ဆုံဖြေရှင်းဖို့လိုတယ်၊ NLD ကို ဖျက်သိမ်းဖို့ဆိုတာလည်း ဖြစ်နိုင်တာမဟုတ်ဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက သုံးသပ်သွားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts