spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမီးရှို့ခံရသည့် ကားနှစ်စီးတွင် ဗိုလ်ကြီး ၁ ဦးနှင့် ရဲဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

    မီးရှို့ခံရသည့် ကားနှစ်စီးတွင် ဗိုလ်ကြီး ၁ ဦးနှင့် ရဲဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

    -

    နိုင်မာန်၊ ဂျူရီချိုင်း – ယမန်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ ရွာသာအေးအနီးရှိ တံထားစွန်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ မှန်လုံယာဉ်နှစ်စီး မီးရှို့ပြီး ကား၌ပါလာသည့် ဗိုလ်ကြီးတစ်ဦးနှင့် ရဲဝန်ထမ်း ၂ ဦးပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်ခရီးသည်များက ပြောသည်။

    သံဖြူဇရပ်-ရေး မော်တော်ကား လမ်းမကြီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    သံဖြူဇရပ်-ရေး မော်တော်ကား လမ်းမကြီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    “သူတို့က ကားကိုရပ်ခိုင်းပြီး ခရီးသည်တွေ ပေးဆင်းလိုက်တယ်၊ ကားကို လက်နက်ကြီးနဲ့ပစ်ပြီး မီးရှို့လိုက်တယ်၊ ပြီးတော့ အဲဒီလူတွေကို ခေါ်သွားတယ် အခုထိ ပြန်မလွတ်လာသေးဘူး” ဟု ရွှေလီရတနာ မှန်လုံယာဉ်မှ မျက်မြင်ခရီးသည်တစ်ဦးက ပြောသည်။

    ရာဇာမင်းနှင့် ရွှေလီရတနာ ခရီးသည်တင်ကားနှစ်စီး မီးရှို့ပျက်စီးပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့မှ ကားသမားနှစ်ဦး၊ တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ ဒုလုံခြုံရေးတာဝန်ရှိသူနှင့် ရိုးရိုးဝန်ထမ်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ခေါ်ဆောင်သွားခဲ့သည်ဟု အထက်ပါ မျက်မြင်ခရီးသည်က ပြောသည်။

    ဖမ်းဆီးခေါ်ဆောင်ခံရသူများကို မည့်သည့်အရပ်သို့ ခေါ်ဆောင်သွားသည်ကို မသိရှိရပေ။

    ထိုလက်နက်ကိုင်တပ်ဖွဲ့သည် အင်အား ၅၀ ခန့်ရှိ စစ်ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့် စောင့်နေသည်။

    ကရင်လက်နက်ကိုင်တပ်ဖွဲ့မှ ရာဇာမင်းနှင့် ရွှေလီရတနာကားပေါ်၌ပါလာသည့် ခရီးသည်များကို ယခု မီးရှို့လိုက်သည့် ကားနှစ်စီးကို နောက်ထပ်မစီးရန် ပြောကြားခဲ့ပြီး ယခုကဲ့သို့ နောက်ထပ် ထပ်မံပြုလုပ်အုံးမည်ဟု ပြောသွားခဲ့သည်။

    ရာဇာမင်းမှန်လုံယာဉ်မှ ပါလာသည့် ခရီးသည်တစ်ဦးက “သူတို့က စစ်ဝတ်စုံအပြည့်စုံပဲ ဝတ်ထားတယ် တံဆိပ်ပါတပ်ထားတယ်၊ သူတို့အချင်းချင်းတော့ ကရင်လိုပြောတယ် ကျွန်တော်တို့ကိုကျတော့ မြန်မာလို ပြောတယ်” ဟု ပြောသည်။

    ၎င်းကားနှစ်စီးကို မီးရှို့နေချိန်တွင် အတက် အဆင်းကား အစီး ၃၀ ခန့် သွားလာမရပဲ ရပ်နားထားရသည်။

    ယမန်နေ့က မီးရှို့ခံလိုက်ရသည့် ကားနှစ်စီးမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့မှ နှစ်စဉ်ကြေး ကောက်ခံလျှက်ရှိကာ ထိုဆက်ကြေးကို မပေးအပ်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ရွှေလီမှန်လုံယာဉ်ဝန်ထမ်းမှ ပြောသည်။

    ကားကုမ္မဏီတစ်ခုစီ ကျပ်ငွေ (၁၀) သိန်း ဆက်ကြေးပေးရန် တောင်းဆိုထားကြောင်း ထိုဝန်ထမ်းက ပြောသည်။

    မှန်လုံယာဉ်ကားနှစ်စီးမီးရှို့ခံရသည့် ကိစ္စနှင့်ပက်သက်ပြီး ခရီးသည်များ ခရီးသွားလာရန် ထိန့်လန့်နေကြကြောင်း ယခုတွင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့များတွင် မြို့အဝင်ဝနေရာမှာ စစ်တပ်မှ လုံခြုံရေး ထပ်မံတင်းကြပ်ထားကြောင်း ကျန်ရှိသော အခြားအဖွဲ့အစည်းများက မြို့တွင်းတွင် ထပ်မံတိုးချဲ့ ထားရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks