spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကွန်ပျုတာတက္ကသိုလ်တွင် လေးနှစ်တာ တက်မှ ဘွဲ့ ရမည်

    ကွန်ပျုတာတက္ကသိုလ်တွင် လေးနှစ်တာ တက်မှ ဘွဲ့ ရမည်

    -

    မင်းတောလဝီ – ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ စ၍ ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ကွန်ပျုတာ တက္ကသိုလ် ပထမနှစ်သို့ ရွေးချယ်တက်ရောက်မည်ဆိုပါက စာသင်နှစ်လေးနှစ်တက်ရောက် သင်ကြားမှသာ ဘွဲ့ရရှိ တော့မည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှသိရှိရသည်။

    Photo:www.photos.greatmyanmar.com
    Photo:www.photos.greatmyanmar.com

    “အစကတည်းကပဲ သတ်မှတ်ထာတဲ့ သင်ရိုးညွန်းတမ်းအပြည့်စုံနှင့် လုံလောက်သည့်အချိန် သင်ကြားနိုင်ဖို့ ရေးဆွဲထားတာ ၅ နှစ်ဖြစ်တယ်၊ B.C.Sc/B.C. Tech နှင့် B.C. Sc (Hons)/ BC.Tech(Hons) ပေါ့။ အရင်ပြီးခဲ့တဲ့ နှစ်များတုံးက ၃ နှစ်ဆိုလဲ သင်ရိုးညွန်းတမ်းက မကုန်ဘူး၊ ကွန်ပျုတာ ပညာလဲ သိပ်မတတ်ဘူး၊ ဒါနဲ့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက စာသင်ချိန်ကာလ ၄ နှစ်မှ ဘွဲ့ပေးမယ်လို့ ဖြစ်သွားတာပါ” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စီမံရေးဌာနခွဲ ဌာနမှ အရာရှိဝန်ထမ်းတဦးက ပြောသည်။

    ဒါ့အပြင် နိုင်ငံတကာကွန်ပျုတာ သင်ရိုးညွန်းတမ်းမှာလည်း ၄ နှစ်မှ ၄နှစ်အထက် ရှိနေပြီး မြန်မာနိုင်ငံအနေနှင့်လည်း နိုင်ငံတကာသင်ရိုးအတိုင်း ဖြစ်အောင် နှင့် ဘာသာရပ်တစ်ခုကို သင်ကြားဖို့ လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါသည်ဟု အထက်ပါ အရာရှိက ပြောသည်။

    “ကျနော်က ဂုဏ်ထူးတစ်ဘာသာရတယ်၊ အမှတ်စာရင်း မတောင်းရသေးတော့ ဘယ်လောက်အမှတ် ရမှန်း မသိရသေးဘူး၊ ကွန်ပျုတာ တက္ကသိုလ်တက်ချင်တယ်၊ မနှစ်ကဆို အမှတ် ၃၆၅ ဆို ကွန်ပျုတာတက်လို့ ရတယ်၊ အခုနှစ်က ဘယ်လောက် သတ်မှတ်မလဲတော့ မသိဘူး”ဟု ယခုနှစ်မှ တက္ကသိုလ်ဝင်တန်း ကိုအောင်မြင်ခဲ့သူ သံဖြုဇရပ်မြို့မှ မင်းချန်းရော့က ပြောသည်။

    ယခုခေတ် အစစအရာရာမှာ ဟိုက်တက်ခေါ် နည်းပညာအားလုံးကို ခေတ်မီနည်းစနစ်များကို ကွန်ပျုတာနှင့်သာ အသုံးပြုနေရတာကြောင့် ခေတ်လူငယ်တစ်ဦးအနေဖြင့် ကွန်ပျုတာပညာကို တတ်မြောက်လိုပြီ ယခုလိုကွန်ပျုတာ တက္ကသိုလ်ကို တက်ရောက်လိုခြင်းဖြစ်သည် ဟု မင်းချန်းရော့က ဆက်ပြောသည်။

    “မြန်မာနိုင်ငံမှာ အသက်မွေးပညာရပ်လို၊ အဆင့်မြင့် ပညာရပ်လိုမျိုး သင်ကြားတဲ့အခါ သင်ထောက်ကူပစ္စည်း မလုံလောက်တာရယ် နောက်ပြီး ကျွမ်းကျင်တဲ့ဆရာ နဲ့ လုံလောက်တဲ့အချိန်မှာ ဖိဖိစီးစီး သင်ကြားပေးပါမှ ကျောင်းသားတွေ တတ်မှာ၊ အခုဖြစ်နေတာက ကျောင်းသားတွေ ကျောင်းသာပြီးသွားတာ ဘာမှ မယ််မယ်ရရ မတတ်ဘူး ကျွမ်းကျင်ဖို့ မပြောနဲ့” ဟု မော်လမြိုင်ကွန်ပျုတာကောလိပ်မှ ကျောင်းပြီးသွားသည့် ကျောင်းသား မိဘတစ်ဦးက ပြောသည်။

    ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် နှင့် မဆလခေတ် ကာလများတွင် တက္ကသိုလ်ပညာ သင်ကြားရေးကာလ ဘွဲ့ရသည်အထိကို ဘာသာရပ်အလိုက် ၄ နှစ်မှ ၇ နှစ်ကြာအထိ သင်ကြားရန် သတ်မှတ်ထားသော်လည်း နဝတ၊ နအဖခေတ်မှာ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ နေ့ကျောင်းတက် (ဒေး) နှင့် ၃ နှစ်ကျောင်းတက်ပြီး ဘွဲ့ရရှိ နိုင်သလို အဝေးသင်ပညာရေးစနစ်နှင့် ဘွဲ့တခုခုရရှိလိုလျှင် တက္ကသိုလ် ကောလိပ်များတွင် အနီးကပ် တစ်လသင်ကြားခြင်းဖြင့် ဘာသာရပ်အလိုက် ဘွဲ့ရရှိသည့် ကျောင်းသားများစွာ ရှိနေကြသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks