Saturday, March 14, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ

    သံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အာဏာပိုင်များမှ လက်နက်အပ်ရမည့် ကိစ္စအား နှိုးဆော်နေသည့် ကာလတွင် ယနေ့နံနက်မှာရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ကားနှစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ရသည်ဟု ရွှေလီရတနာမှန်လုံယာဉ် ခရီးသည်ပို့ဆောင်ရေးက ပြောသည်။

    ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် အမြန်ယာဉ်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် အမြန်ယာဉ်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “ရွှေလီကားတစ်စီးနဲ့ ရာဇာမင်းတစ်စီး မီးရှို့ခံလိုက်ရတယ်၊ အရင်တပတ်ကဆက်ကြေးတောင်းထားကိုမပေးလို့ အခုလိုမီးရှို့လိုက်တယ်၊ ဆက်ကြေးတောင်းတဲ့လူတွေကတော့ အမြဲတောင်းနေကြပဲ၊ ဒီလိုမလုပ်ဘူးထင်လို့ပေါ့၊ ဆက်ကြေးကကားတစ်စီးဆို ၁၀ သိန်းတောင်းတယ်” ဟုရွှေလီရတနာခရီးသည် ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ရန်ကုန်မှ ဆင်းလာသည့် ရွှေလီရတနာကားတစ်စီးနှင့် ရေးမှ တက်လာသည့် ရာဇာမင်းကားတစ်စီးကိုသံဖြူဇရပ်မရောက်ခင် အနင်းကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားမှာဆက်ကြေးတောင်းသည့်အဖွဲ့ကကားကိုမီးရှို့လိုက်သည်။

    ကား၌ပါလာသည့် ခရီးသည်များကိုကားပေါ်မှ ဆင်းခိုင်းပြီးကားကိုမီးရှို့လိုက်ကာကားမောင်းသူနှစ်ဦးကိုခေါ်ဆောင်သွာသည်ဟုသိရသည်။

    “ဆက်ကြေးတောင်းတဲ့လူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး၊ ဒါပေမယ့် အဲဒီသံဖြူဇရပ်-ရေးကားလမ်းတလျှောက်မှာတော့ ကရင်အဖွဲ့ တွေဆက်ကြေးတောင်းတာရှိတယ်၊ ကျမတို့ ကားသမားမောင်ငြိမ်းလည်းပါသွားတယ်၊ လောလောဆယ်မှာတော့ ဘာလုပ်ရမှန်းမသိသေးဘူး” ဟုအထက်ပါ တာဝန်ရှိသူကပြောသည်။

    ကားနှစ်စီးမီးလောင်ပျက်စီးပြီးနောက် သံဖြူဇရပ်မှ ရဲကားများရောက်ရှိသွားပြီးစစ်ဆေးမှုပြုနေသည်ဟုကားမီးလောင်အပြီးထိုနေရာသို့ ရောက်သွားသူမျက်မြင်တစ်ဦးကပြောပါသည်။

    “ကျနော်တို့ ဆင်းသွားတုန်းကဘာမှတော့ မတွေ့ဘူးအပြန်မှာတော့ မီးလောင်ထားတဲ့ကားနှစ်စီးနဲ့ ရဲတွေ ရဲကားတွေ စစ်ဆေးမှုလုပ်နေတာတွေ့တယ်၊ ကြည့်ရတာကားကိုမီးရှို့ထားတဲ့ပုံပဲ၊ ဒါပေမယ့် အကြောင်းစုံကိုတော့ ကျနော်လည်းအတိအကျမသိဘူး” ဟုကားမီးလောင်းခဲ့သည့် မြင်ကွင်းကို မြင်တွေ့ခဲ့သူသံဖြူဇရပ်မြို့ခံတစ်ဦးကပြောသည်။

    ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှာလည်းရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်းနှင့် ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ် ၅ စီးကိုမွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာကြားတွင် လက်နက်ကိုင် လူတစုကယာဉ်များကိုပစ်ခတ်ပြီးရပ်တန့်စေပြီးဆက်ကြေးတောင်းကာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကိုဖမ်းဆီးသွားခဲ့သည်။

    ထားဝယ်- ရန်ကုန်၊ ထားဝယ်-မော်လမြိုင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များလမ်းပိုင်းများတွင် မွန် ကရင် လက်နက်ကိုင်တပ်များလှုပ်ရှားတတ်ပြီး၄င်းတို့ မှအလျဉ်းသင့်သကဲ့သို့ ဆက်ကြေး (သို့ မဟုတ်) နှစ်စဉ်ကြေးတောင်းလေ့ရှိသည်။

    ပြီးခဲ့သည့်လတွင် မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ မုဒုံမြို့ တွင် အိပ်ချိန်းတိုင်ကိုဖောက်ခွဲခဲ့ပြီး ယခုတွင်လည်းခရီးသည်တင်ကားကိုထပ်မံမီးရှိူ့ လိုက်သည်။ ထိုကိစ္စနှစ်ရပ်လုံးအားလုံခြုံရေးတပ်မှ အချိန်မီအကူအညီမပေးနိုင်ပေ။

     

     

     

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks