spot_img
Tuesday, November 11, 2025
More
    spot_img
    Homeသတင်းအစိုးရတပ် တပ်မ ၂၂ စစ်ကြောင်း ဘုရားသုံးဆူဒေသတွင် ရောက်ရှိ

    အစိုးရတပ် တပ်မ ၂၂ စစ်ကြောင်း ဘုရားသုံးဆူဒေသတွင် ရောက်ရှိ

    -

    ဂျူရီချိုင်း – ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ၅ မိုင်အကွာခန့်ရှိ မယ်ကသာဒေသတွင် ပြီးခဲ့သည့်အပတ်က အင်အား ၃၀၀ ကျော်ခန့်ရှိ အစိုးရတပ် တပ်မ ၂၂ စစ်ကြောင်းများ ရောက်ရှိနေကြောင်း ကေအင်ယူအသိုင်းဝိုင်းမှ သိရသည်။

    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)

    “အခုလို အင်အားတွေထပ်တိုးလာတယ်ဆိုတော့ သူတို့က ဒီဒေသမှာ အခြေချဖို့ရှိတယ်၊ ဒါမှမဟုတ် ကေအင်ယူကို ထပ်မံထိုးစစ်ဆင်ဖို့ပဲ ဖြစ်နိုင်ခြေများတယ် ၊လောလောဆယ် တောတွင်း တစ်နေရာမှာ ကိုယ်ဖျောက်ထားတယ်” ဟု ကေအင်ယူ တပ်မဟာ (၆) မှ ပြောရေးဆိုခွင့်ရှိသူ အရာရှိက ပြောပါသည်။

    ဇွန်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနောက်ဘက် မိုင် ၂၀ အကွာခန့်ရှိ သပြုသတ္တုတွင်း ခဲ၊ မိုင်းတူးဖော်မည့်နေရာတွင် ရောက်ရှိနေကြောင်း တပ်မ ၂၂ စစ်ကြောင်းသည် တောလမ်းတစ်လျှောက်သာ ထိုးစစ်ဆင်နေ၍ ကေအင်ယူကို ထပ်မံထိုးစစ်ဆင်သွားရန်လည်း အလားအလာများ ရှိနိုင်သည်ဟု အထက်ပါ အရာရှိက ထပ်မံပြောသည်။

    တပ်မ ၂၂ စစ်ကြောင်းသည် ယခင်က ကော့ကရိတ်မြို့နယ်တွင် စစ်ကြောင်းလှည့်ပတ်နေပြီး ယခုကဲ့သို့ ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာခြင်းမှာ ခဲ၊ မိုင်း သတ္တုတွင်း တူးဖော်မည့်နေရာတွင် တပ်စခန်းအခြေချရန် ဖြစ်နိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။

    ဘုရားသုံးဆူမြို့မှ ခဲ၊ မိုင်းသတ္တု တူးဖော်နေသည့် အလုပ်သမားတစ်ဦးကလည်း ”ပြီးခဲ့တဲ့ နှစ်ရက်က သတ္တုတွင်းမှာ တွေ့တယ် အင်းအာတွေအများကြီး စစ်လက်နက်အစုံပဲ” ဟု ပြောသည်။

    မယ်ကသာဒေသတွင် အခြေချခြင်းအားဖြင့် ကေအင်ယူအတွက် အထောက်အပံ့ ဖြစ်နေသည့် မိုင်းကို ထိန်းချူပ်နိုင်မည်ဖြစ်ပြီး ဒေသခံကရင်ရွာသားများမှ ကေအင်ယူအား အကူအညီများကိုလည်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။

    တပ်မ ၂၂ စစ်ကြောင်းများ တက်လာသည့်သတင်းကြောင့် မယ်ကသာရွာမှ ဒေသခံပြည်သူများ ရွာအပြင်သို့ မထွက်ရဲကြကုန်ကြောင်း မယ်ကသာရွာသားတစ်ဦးက ပြောသည်။

    ၎င်းအနည်းတူ ဇွန်လ ၂၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီး ရွှေနတ်တောင်ကွင်းတွင် အစိုးရတပ်များ စစ်အင်အား ၅၀၀ ခန့်နှင့် စစ်လက်နက်ကြီးငယ် အများအပြား စစ်ကားများနှင့်အတူ တပ်အင်အားများပြင်ဆင်ထာပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၌ အခြေချထားသည့် မွန်ပြည်သစ်ပါတီ သထုံခရိုင်ဘက်သို့ ဦးတည်နေကြောင်းကိုလည်း မျက်မြင်သူတစ်ဦးက ပြောသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,800SubscribersSubscribe
    spot_img

    Latest posts