Saturday, March 14, 2026
More
    spot_img
    Homeသတင်းမူလအလုပ်တာဝန်အရ လုပ်ပေးရမှာကို ငွေယူပြီး ဝန်ထမ်းသက်သာဟု ပြော

    မူလအလုပ်တာဝန်အရ လုပ်ပေးရမှာကို ငွေယူပြီး ဝန်ထမ်းသက်သာဟု ပြော

    -

    မင်းတောလဝီ – မွန်ပြည်နယ်တွင် လယ်ယာမြေများကို အစိုးရနှင့် နီးစပ်သည့် စီးပွားရေးကမ္မဏီများမှ သိမ်းဆည်းမည်ကို ကြောက်ရွံ့ နေကြသည့် လယ်သမားများမှ မိမိတို့ လုပ်ကိုင်နေသည့်လယ်မြေအတွက် နာမည်ပေါက်ပြေစာ (သို့ မဟုတ်) မိမိနာမည်ဖြင့်ပြေစာ ရရှိရန် ကြိုးပမ်းရာတွင် ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနကို အခကြေးငွေပေးရသည်ဟု ဆိုပါသည်။

    မိဘလက်ငုတ်လယ်မှ အမွေဆက်ခံရရှိပြီး နှစ်ရှည်ကြာ လုပ်လာခဲ့သော်လည်း ယခုအခါ လယ်မြေပြေစာကို လက်ရှိလုပ်သူအမည်သစ်နှင့် ပြောင်းလဲလုပ်လိုသည့်အခါ ငွေပေးပြီးမှ အမည်ပြောင်းလဲခွင့်ရရှိပြီး ယူသည့်ငွေကိုလည်း ဝန်ထမ်းသက်သာချောင်ချိရေး ရံပုံငွေဟု ပြောသည်။ ဝန်ထမ်းသက်သာချောင်ချိရေး ရံပုံငွေသည် ဝန်ထမ်းများ၏ မလောက်မပငှ ဖြစ်နေသည့် လစာအတွက် ပိုထပ်ဆောင်းငွေ ဖြစ်ပေသည်။

    ကောက်စိုက်နေကြသည့် မွန်ပြည်နယ်မှ ကောက်စိုက်သမများ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်အေဂျင်စီ)
    ကောက်စိုက်နေကြသည့် မွန်ပြည်နယ်မှ ကောက်စိုက်သမများ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်အေဂျင်စီ)

    မိဘလက်ငုတ်လယ်မှ အမွေဆက်ခံလုပ်ခွင့်ရသည့် လယ်မြေ (၄) ဧကကို လယ်ပြေစာတွင် မိမိအမည်စာရင်း ပေါ်လိုသည့်လယ်သမားမှာ မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်၊ နိတုံကျေးရွာမှ ဘီလိုကွင်းအတွင်းမှ လယ်လုပ်နေသူ နိတုံရွာသားတဦးဖြစ်သည်။

    “နာမည်ပြောင်းဖို့ မြေစာရင်းမှာ အမှုတွဲပုံစံဖြည့်ပြီး၊ မြို့နယ်၊ ခရိုင််၊ ပြည်နယ်၊ တိုင်းကို အဆင့် ဆင့်တင်ရမယ်တဲ့၊ တစ်ဧကကို ကျပ်တစ်သောင်းနဲ့ အမှုတွဲတည်ဆောက်ခအတွက်ကို ရုံးသက်သာငွေအတွက်ပေးရတယ်” ဟု ကျေးရွာအုပ်စု မြေတိုင်းစာရေးတောင်းတာကို ငွေပေးခဲ့ရသည့် ကျိုက္မရောမြို့နယ် နိတုံရွာက လယ်သမား တဦးက ပြောသည်။

    ကျိုက္မရောမြို့နယ်၊ နိတုံရွာမှာ ယခုအချိန်မှာ လယ်ယာမြေကို ဘိလပ်မြေစက်ရုံအတွက် လယ်မြေသိမ်းယူမည့်ကိစ္စနှင့် ပတ်သက်ပြီး လယ်သမားနှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား အငြင်းအခုံဖြစ်နေသည့်အချိန်မှာ လယ်သမားများက လယ်မြေကို် မိမိအမည်အဖြစ် ပိုင်ဆိုင်လိုကြပြီး မြေစာရင်းဌာနအနေဖြင့်လည်း လွယ်လွယ်နှင့် မလုပ်ပေးသောကြောင့် ယခုကဲ့သို့ ငွေေ

    ပးပြီး လုပ်နေရသည်ဟု ထိုနိတုံရွာမှ လယ်သမားက ပြောသည်။

    စိုက်ပျိုးရေးအတွက် လယ်ယာ၊ ခြံ၊ ဥယျာဉ်ခြံမြေနှင့် အိမ်ခြံအတွက် ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများ၊ အလွှဲအပြောင်းကိစ္စရပ်များ၊ လုပ်ကိုင်ခွင့်ရသူအမည်ပေါက်ရန်နှင့် မြေယာကို အခြားနည်းများ ပြောင်းလဲအသုံးပြုနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ပေးရမည့်တာဝန်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ မူလတာဝန်ဖြစ်သည်။

    ထို့အပြင် လယ်ယာမြေကို အခြားနည်းဖြင့်ပြောင်းပြီးအသုံးပြုနိုင်သည့် (လ/န ၃၉) ဖြင့် ရယူ အသုံးပြုလိုလျှင် မြို့နယ် မြေစာရင်းဌာနမှ လိုအပ်သည့်အမှုတွဲကို တည်ဆောက်ပြီး အဆင့်ဆင့် ခရိုင်၊ ပြည်နယ်၊ တိုင်း မြေ စာရင်းမှတဆင့် ပြည်နယ်၊ တိုင်း၊ အုပ်ချုပ်ရေးမှုးထံ တင်ပြပြီး အတည်ပြုချက်ရယူရသည်ဟု လည်းကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အငြိမ်းစားခရိုင်ဦးစီးမှုး တဦးကပြောသည်။

    အထူးသဖြင့် လယ်သမားများ အမြဲတမ်း ကူညီဖြေရှင်းပေးရမည့်ဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ အဓိကတာဝန်ဖြစ်သော်လည်း ယခုလို အခကြေးငွေရရှိမှ လုပ်ပေးတတ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ အမြဲတမ်း ကြုံတွေ့နေရသည့် ပြဿနာဖြစ်သည်ဟု လယ်သမားများပြောဆိုနေမှုကို ကြားသိနေရသည်။

    မွန်ပြည်နယ် မြို့နယ်(၁၀)မြို့နယ် တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧကပေါင်း (၁၀) သိန်းကျော်ရှိပြီး မွန်လူမျိုး (၇၅) ရာခိုင်နှုန်းမှာ လယ်သမားများ ဖြစ်သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks