spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် စစ်ဆေးရေး ထပ်မံတင်းကြပ်ထား

    ဘုရားသုံးဆူမြို့တွင် စစ်ဆေးရေး ထပ်မံတင်းကြပ်ထား

    -

    ဂျူရီချိုင်း – မြို့တွင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယမန်နေ့မှစ၍ အာဏာပိုင်အဖွဲ့အစည်းတို့က စစ်ဆေးရေးတင်းကြပ်ပြုလုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

    ဇွန်လ ၁၄ ရက်နေ့တွင် မီးလောင်နေသည့် ဦးအောင်တင်ဝင်း၏ နေအိမ်စျေးဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    ဇွန်လ ၁၄ ရက်နေ့တွင် မီးလောင်နေသည့် ဦးအောင်တင်ဝင်း၏ နေအိမ်စျေးဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ဆေးနေကြောင်း အထူးသဖြင့် မော်တော်ကားများနှင့် ဆိုင်ကယ်များ ဖောက်ခွဲပစ္စည်းများပါလာနိုင်မည့် သံသယဖြင့် ပိုမိုစစ်ဆေးနေသည်။ မသင်ကာသူများတွေ့ရှိပါက စစ်ဆေးမေးမြန်းပြီးမှ သွားခွင့်ပြုကြောင်း မြို့ခံတစ်ဦးက ပြောသည်။ စစ်ဆေးမှုများကို ည ၁၁ နာရီ တိုင်အောင်ဆောင်ရွက်လျှက်ရှိသည်။

    “အခုတော်ကိုစစ်ဆေးရေးတွေလုပ်နေတယ် ဆိုင်ကယ်တွေကို ဖောက်ခွဲပစ္စည်း ပါ/မပါ ကြည့်ပြီးမှ ပေးသွားတယ်၊ စစ်ဆေးရေးမှာတော့ စစ်သားတွေကြီးချထားတယ်၊ လမ်းသွယ် လမ်းကြား အကုန်လုံးက စစ်သားတွေချည်း တွေ့ရတယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

    ဇွန်လ ၁၄ ရက်နေ့က ဘုရားသုံးဆူမြို့အတွင်းသို့ သေနတ်သမားတစ်စု ဝင်ရောက်ဖောက်ခွဲပြီးနောက် မြို့ပေါ်နှင့် မြို့ပြင်နေရာအနှံ့အပြားတွင် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားသော်လည်း စစ်ဆေးမှုမရှိခဲ့ပေ။ ယမန်နေ့ကမှ စစ်ဆေးမှု ပိုမိုပြုလုပ်နေကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုပြသနာများ မကြာခဏဖြစ်ပေါ်နေသည့်အတွက်ကြောင့် အာဏာပိုင်တို့က ယခုလို စစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၂၀ ရက်နေ့မှာလည်း မယ်ကသာကျေးရွာမှ ကရင်လူမျိုးသုံးဦး ဘုရားသုံးဆူမြို့သို့ စားကုန်ပစ္စည်းလာရောက်ဝယ်ပြီး အပြန် မြို့စွန်း (တောင်ဝိုင်း) ရပ်ကွက်မှာ လုံခြုံရေးယူထားသည့် အစိုးရတပ်များက ၎င်းတို့ကို မသင်္ကာသဖြင့် စစ်ဆေးကာ စားသောက်ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းလိုက်ကြောင်း မျက်မြင် တောင်ဝိုင်း ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

    ထိုကဲ့သို့ သာမာန်ကရင်လူမျိုးများမှ စားသောက်ကုန်ပစ္စည်းသိမ်းယူမှုသည် ယခုပထမဆုံးကြိမ်ဖြစ်ပွားကာ ကရင်လူမျိုးများမှ သက်ဆိုင်ရာကရင်လက်နက်ကိုင် တပ်ဖွဲ့တို့အား ကူညီထောက်ပံ့းမှုမပြုရန် ကန့်သတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

    ဘုရားသုံးဆူမြို့ပေါ်နှင့် မြို့အပြင်ဘက်ရှိ စစ်စခန်းများတွင် ဗမာစစ်တပ်မှ ခလရ ၂၈၃၊ ခမရ ၅၆၆ နှင့် ခမရ ၅၆၃ တို့ လုံခြုံရေးယူထားပြီး မြို့အပြင်ဘက်တွင် နေထိုင်သူတွေကိုလည်း မြို့တွင်းသို့ ပြောင်းရွှေ့ရန် စစ်တပ်မှ အမိန့်ပေးထားသည်။

    ယခုလို လုံခြုံရေးတင်းကြပ်မှုသည် ယခင်အမည်မသိလက်နက်ကိုင်တခု၏ တိုက်ခိုက်မှုကြောင့် ဖြစ်သည်။

    ဇွန်လ ၁၄ ရက်နေ့မှာ မြို့လယ်ရှိ လုပ်ငန်းရှင် ဦးအောင်တင်ဝင်း၏ နေအိမ် စျေးဆိုင်သို့ အမည်မသိသေးသည့် လက်နက်ကိုင်တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

    ဇွန်လ ၅ ရက်နေ့မှာလည်း မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် ၄ ဦးလည်း မြို့ပေါ်ရှိ စရဖရုံးကိုလည်း ဝင်ရောက် ပစ်ခတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts