Monday, March 16, 2026
More
    spot_img
    Homeသတင်းပါတီအတွက်လှုပ်ရှားသူများကို မွန်လွှတ်တော်အမတ်က အငှားဖုန်း လျောက်ပေး

    ပါတီအတွက်လှုပ်ရှားသူများကို မွန်လွှတ်တော်အမတ်က အငှားဖုန်း လျောက်ပေး

    -

    ကျလွန်းထော – ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း လှုပ်ရှားပေးသူများကို CDMA အငှားဖုန်းများရရန် မော်လမြိုင် ဆက်သွယ်ရေးဌာနထံတွင် ပါတီအမတ်တို့က လျှောက်ထားကြောင်း သိရသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလှမောင်က ဆက်သွယ်ရေးဌာနထံတွင် အငှားဖုန်း ရရန်လျှာက်ထားပြီး အငှားဖုန်းလျောက်လိုသည့် ပါတီဝင်များသည် ချောင်းဆုံအမတ်ထံတွင် ငွေကြေးသွားရောက်ပေးဆောင်ရသည်ဟု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ဦးအောင်နိုင်ဦးက ပြောသည်။

    “အငှားဖုန်းပေမယ့် စျေးနည်းနည်းချိုတယ်ဆိုတော့ လျှောက်ထားလိုက်တယ်၊ မွန်ပါတီအနေနဲ့ရတာ။ ရွေးကောက်ပွဲတုန်းက ပါတီအတွက်လှုပ်ရှားပေးခဲ့တဲ့သူတွေရတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းအတွက်လည်း လျှောက်ခွင့်ပေးတယ်” ဟု ဖုန်းလျှောက်ထားပြီးသည့် ပါတီဝင်တစ်ဦးက ပြောသည်။

    လျောက်ထားသူများမှာ ဧပြီလမကုန်မီတွင် မော်လမြိုင်မြို့ ဆက်သွယ်ရေးဌာနသို့ ဖုန်းတစ်လုံးလျှင် ကျပ် ၁ သိန်း ၅ သောင်း ပိုက်ဆံသွင်းပေးရမည်၊ လျောက်လွှာတင်ပြီး တစ်လအကြာတွင် အငှားဖုန်းရမည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

    “အဓိကတော့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုလွယ်ကူအောင်၊ ပြီးတော့ သတင်းအချက်အလက်တွေပေးဖို့ လွယ်ကူရအောင်”။

    အစိုးရမှ လျှောက်ထားခွင့်ပေးထားသည့် CDMA အငှားဖုန်းများကို လျှောက်ထားသူများက တဆင့်ရောင်းချခွင့်မရှိကြောင်းနှင့် အစိုးရမှလည်း အချိန်မရွေး ပြန်လည်သိမ်းယူခွင့်ရှိကြောင်း သိရသည်။

    ကျေးရွာအကြီးအငယ်အပေါ်မူတည်၍ တစ်ရွာလျှင် ၂ လုံး၊ ၃ လုံးအထိ လျှောက်ထားခွင့်ပေးသော်လည်း ယခုလက်ရှိအခြေအနေအရ နောက်ထပ်လျှောက်ထားသူများလည်း ရှိနေသေးကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ် ဘီလူးကျွန်းတွင် ကျေးရွာပေါင်း (၆၄) ရွာကျော်ရှိသော်လည်း ကျေးရွာအုပ်စု (၄၅) အုပ်စု အဖြစ် ရွေးကောက်ပွဲကာလတွင် သတ်မှတ်ထားသည်။ ချောင်းဆုံမြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစ်ပါတီမှ လွှတ်တော် ၃ လွှတ်တော်တွင် အနိုင်ရခဲ့သည်။ အနိုင်ရခဲ့သည့် လွှတ်တော်အမတ်များမှာ ပြည်သူ့လွှတ်တော်တွင် ဦးလှမောင်၊ အမျိုးသားလွှတ်တော်တွင် ဦးကျော်ဦး နှင့် ပြည်နယ်လွှတ်တော်တွင် ဦးအောင်နိုင်ဦး တို့ဖြစ်သည်။

    မွန်ပြည်နယ်တွင် ပင်လယ် ကမ်းနီးကမ်းဝေး CDMA စခန်း ခြောက်ခုရှိပြီး CDMA တယ်လီဖုန်းပေါင်း ၇၀၀၀ ကျော် အသုံးပြုလျက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာ ဦးမျိုးဆွေ ဖြေကြားချက်ကို ကိုးကား၍ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks