Monday, March 16, 2026
More
    spot_img
    Homeသတင်းပြန်ပေးဆွဲခံ သစ်ခွဲသမား ၇ ဦး ပြန်လွတ်

    ပြန်ပေးဆွဲခံ သစ်ခွဲသမား ၇ ဦး ပြန်လွတ်

    -

    သူရိန်၊ ဂျူရီချိုင်း – ထိုင်းနိုင်ငံပိုင်နက်အတွင်း သစ်ခိုးခွဲရာမှ ရာမညတပ်ဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံရသည့် သစ်ခွဲသမား ၇ ဦး ငွေပေးပြီးနောက် ယမန်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ဘုရားသုံးဆူမြို့ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    သစ်ခွဲသမားများမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ဖြစ်ကြပြီး ဧပြီလ ၂၂ ရက်နေ့တွင် ဘုရားသုံးဆူမြို့နှင့် ၅ ကီလိုမီတာခန့်ရှိ စံခလယ်ချောင်းဖျား၌ သစ်ခွဲစဉ် ရာမညတပ်ဖွဲ့ဝင် ၄ ဦးက ပြန်ပေးဆွဲ ဖမ်ဆီးခဲ့သည်။

    သစ်ခွဲသမားများမှာ ဗမာနှင့် ထားဝယ်များ ဖြစ်ကြပြီး၊ ပြန်လွတ်ရန်အတွက် ထိုင်းဘတ်ငွေ ၈ သောင်း ပေးဆောင်ခဲ့ရသည်ဟု သစ်ထုတ်လုပ်မှုကို ဦးဆောင်သူ ဘုရားသုံးဆူမြို့မှ ကိုခိုင်ဝင်း က ပြောသည်။

    “၂၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ အဖမ်းခံရတယ်၊ မနေ့က ငွေပေးပြီးတော့ သူတို့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ကိုခိုင်ဝင်းက ပြောသည်။

    ပြန်ပေးဆွဲခံရသူများကို ပြန်လည်ရွေးယူရန်အတွက် ကိုခိုင်ဝင်းထံ ရာမညတပ်ဖွဲ့မှ ဘတ်ငွေ တသိန်းငါးသောင်း (၁၅၀ ၀၀၀) တောင်းခံခဲ့သော်လည်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး ဘတ် (၈၀၀ ၀၀) ဖြင့် ပြေလည်ခဲ့ကြသည်ဟု ကိုခိုင်ဝင်းက ပြောသည်။

    မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသတွင် သစ်ရှားပါးလာသဖြင့် သစ်ထုတ်သမားအချို့မှာ သစ်ပေါသည့် ထိုင်းနိုင်ငံအတွင်း တရားမဝင် သစ်ခိုး ထုတ်လုပ်လာကြသည်။

    ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ ဝန်းကျင်ရှိ ခြံရှင်များထံ ရာမညတပ်ဖွဲ့မှ ခြံအခွန်ပေးဆောင်ရန် စာပို့ထားခဲ့သည်။

    ခြံပဏာမအပေါ် မူတည်ပြီး ဘတ်ငွေ (၅၀ ၀၀၀) မှ (၁၅၀ ၀၀၀) သတ်မှတ် ထားသော်လည်း ပေးဆောင်ရခြင်း မရှိသေးကြောင်း ရာဘာခြံပိုင်ရှင်တဦးက ပြောသည်။

    ရာမညတပ်ဖွဲ့ကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လခန့်တွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗိုလ်မှူးဟောင်း နိုင်ရှောင်းက အဖွဲ့ဝင် (၁၀) ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး တနသာင်္ရီတိုင်းဘက်တွင် စတင်လှုပ်ရှားခဲ့သည်။

    ၂၀၀၉ ခုနှစ် အောက်တိုဘာလခန့်တွင် နိုင်ရှောင်းက လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ပြီးနောက်တွင် ရာမညတပ်ကို နိုင်ခင်မောင်က ဆက်လက်ဦးဆောင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks