spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဆားစျေး ဆက်လက်မြင့်တက်နေဆဲ

    ဆားစျေး ဆက်လက်မြင့်တက်နေဆဲ

    -

    ရိုင်မရော့ – မတ်လလယ်မှ ဆားစျေးခုန်တက်ခဲ့ရာ ယခုချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

    ယခင်ဆားကြမ်းတပိဿာ ၄၀ ကျပ် ရှိရာမှ မတ်လလယ်တွင် ၁၀၀ ထိ ရုတ်တရက် ခုန်တက်ခဲ့ပြီး ယခု ၁၇၀ ကျပ်မှ ၂၀၀ ကျပ်ထိ ရောက်လာသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)
    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)

    “ဆားစျေး တက်ပြီးကတည်းက ကျတာ မရှိသေးဘူး။ ကျရင်လည်း တရက်ကျပြီး ပြန်တက်တာပဲ” ဟု မွန်ပြည်နယ် ဆားအများဆုံး ထွက်ရာ သံဖြူဇရပ်မြို့နယ် ပင ဆားကွင်းမှ ဧက ၃၀ ကျော်ပိုင် နိုင်တင်အောင်က ပြောသည်။

    မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ အကြိမ်ကြိမ် ရွာသွန်းခြင်းကြောင့် ဆားအထွက်နည်းပြီး စျေးကွက်အတွင်း ဝယ်လိုအား များခြင်းကြောင့် ယခုကဲ့သို့ ဆားစျေး တက်လာရခြင်း ဖြစ်သည်။

    မွန်ပြည်နယ်တွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလလယ်ခန့်က ၃ ရက်ဆက်တိုက် တကြိမ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တကြိမ်၊ မတ်လလယ်တွင် ၂ ရက်ဆက်တိုက် တကြိမ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းသည်။

    “ဆားစျေးက မတ်လကနေ စပြီး ထိုးတက်သွားတာ ခုထိပဲ၊ ဒီနှစ်က ဆားလည်း သိပ်အထွက် မများဘူး။ ဝယ်ရတာလည်း သိပ်မလွယ်ဘူး” ဟု ဆားကုန်သည် တဦးက ပြောသည်။ ဆားစျေး ဆက်တက်ဖွယ် ရှိသည်ဟုလည်း သူက ပြောသည်။

    ဆားစျေး တက်သော်လည်း မိုးဖျက်၍ ဆားအထွက်နည်းခြင်းကြောင့် ဆားလုပ်ငန်းရှင်များ အရှုံးပေါ်ကြသည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။

    ရာသီဥတု သာယာသည့်နှစ်များတွင် မိမိပိုင် ဆားကွင်း ဧက ၃၀ ကျော်မှ ဆားပိဿာချိန် ၅ သိန်းကျော် ထွက်သော်လည်း ယခုနှစ်တွင် ပိဿာချိန် ၂ သိန်းပင် မထွက်ကြောင်း နိုင်တင်အောင်က ပြောသည်။

    မွန်ပြည်နယ်အတွင်း ဆားအများဆုံး ထုတ်လုပ်သောဒေသမှာ သံဖြူဇရပ်မြို့နယ် ဖြစ်ပြီး ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင်လည်း ထုတ်လုပ်ကြသည်။ မွန်ပြည်နယ်မှ ဆားများကို မြန်မာပြည်အနှံ့ တင်ပို့ ရောင်းချသည်။

    မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ နေလှမ်းဆား ထုတ်လုပ်ကြပြီး ဧရာဝတီတိုင်းတွင် အများဆုံး ထွက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks