Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်စာပေ သင်ကြားခွင့်ရရန် မွန်ပြည်နယ် ၀န်ကြီးကို တောင်းဆို

    မွန်စာပေ သင်ကြားခွင့်ရရန် မွန်ပြည်နယ် ၀န်ကြီးကို တောင်းဆို

    -

    မိကျဲဂို – မွန်စာပေ သင်ကြားခွင့် ရရှိရန်နှင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် ဒေါက်တာမင်းနွယ်စိုးအား မုဒုံမြို့နယ်မှ ပြည်သူများက တောင်းဆိုခဲ့ကြသည်။

    ဒေါက်တာ မင်းနွယ်စိုး
    ဒေါက်တာ မင်းနွယ်စိုး

    မွန်ပြည်နယ် လူမှုရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် ဒေါက်တာမင်းနွယ်စိုးက ခန့်အပ် မခံရမီ မတ်လ ၂၅-၂၆ နေ့များတွင် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူတို့၏ ဆန္ဒသဘောထား လိုက်လံမေးမြန်းစဉ်တွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

    “အစိုးရကျောင်းမှာ မွန်စာ သင်ခွင့် ရဖို့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အစိုးရ သဘောထားအရ ဖြစ်ဖို့ မလွယ်ဘူးလို့ ဒေါက်တာမင်းနွယ်စိုးက ပြန်ရှင်းပြတယ်” ဟု ဆန္ဒမေးမြန်းပွဲသို့ တက်ရောက်ခဲ့သည့် နိုင်အောင်က ပြောသည်။

    ပြည်နယ်၀န်ကြီးချုပ် ဖြစ်သည့် ဦးအုန်းမြင့်က မွန်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် မုဒုံမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒေါက်တာမင်းနွယ်စိုးအား ညွှန်ကြားထားသည့်အတွက် ပြည်သူ့ဆန္ဒကို လိုက်လံမေးမြန်းခြင်း ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ စည်းရုံးရေးမှူးတဦးက ပြောသည်။

    ပြည်သူ့ဆန္ဒကို မေးမြန်းစဉ်တွင် စာကြည့်တိုက်များ၊ ဆေးရုံ၊ လမ်းများ၊ လျှပ်မီးများနှင့် ပတ်သက်သည့် ဖွံဖြိုးရေးဆိုင်ရာ အချက်အလက်များကို အဓိကထား မေးမြန်းပြီး မှတ်ယူသွားခဲ့ကြောင်း သိရသည်။

    ပြည်သူ့ဆန္ဒကို မေးမြန်းပြီး အကောင်အထည် မဖော်ပေးနိုင်ပါက ပြည်သူများ အယုံအကြည်မဲ့သွားနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင်တဦး ဖြစ်သည့် နိုင်ကျော်က ပြောသည်။

    ၁၉၈၈ မတိုင်မီ ဆိုရှယ်လစ် အစိုးရ လက်ထက်တွင် အစိုးရကျောင်းများ၌ မွန်ဘာသာကို ဘာသာရပ်တခု အနေဖြင့် သင်ကြားခွင့် ရခဲ့သည်။ လက်ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့တွင်လည်း မွန်လူမျိုး အများအပြား ပါဝင်သည့်အတွက် မွန်စာပေ သင်ကြားခွင့် ရနိုင်လိမ့်မည်ဟု ယူဆသည့်အတွက် ထိုကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဟုတ်တယ်..အဲနာဲဗညာစိုတ်.. ပြောထာထောက်ခံတယ်..အရင်ဦးဆုံး မူးယစ်ဆေး .မြင်းဆေး တွေကို မွန်လူမျီုးတွေ အလွယ်တကူမရအောင်. မွန်ပြည်တဝိုက်မှာပပျောက်သွားအောင် ဝိုင်းဝန်းတားစီကြပါလား..အခုကတည်းကမတားစီးနိုင်ရင် နောင် ငါနှစ်မကြာဘူး မုံဒုံ.သဖြူဇရပ် တဝိုက် မွန်လူမျီူးတွေ ပညာမဲ့.အလုပ်လက်မဲ့ပြီး မျိုးတုန်း ကုန်လိမ့်မယ်… ဒီက လွတ်လပ်သော်မွန်သတင်းအေဂျင်စီ အဖွဲ့တွေ ကျွန်တော်တစ်ခုအကြံပေ ပါရစေ.. ပြည်ထဲက မွန်လူမျိုးတွေ ကို မူးယစ်ဆေးဝါ တိုက်ဖျက်ရေးပညာသင်တန်းတွေသွားပေးသင့်တယ်..
      ပြီးတော့ မွန်ခေါင်ဆောင် လူကြီးတွေ. မွန်ပညာတတ်လူငယ်တွေတွေစုပေါင်းပြီး ကျွန်တော်တို့မွန်လူမျီုးတွေ တည်တံ့ခိုင်မြဲဖို့အတွက် မူးယစ်ဆေးဝါဘေး ပပျောက်သွားအောင် လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ရိုးသေလေစားစွာနဲ့ တောင်းဆိုချင်ပါတယ်..

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks