Homeသတင်းမွန်ပြည်သစ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ကူမည်

မွန်ပြည်သစ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ကူမည်

-

လွတ်လပ်သောမွန်သတင်အေဂျင်စီ – ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စစ်အစိုးရတပ်များ ထိုးစစ်ဆင်နေချိန်တွင် စစ်ရေးအရ တနည်းတဖုံ အကူအညီ ပေးနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီက နည်းလမ်းရှာလျက် ရှိကြောင်း အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးက ပြောသည်။

မွန်ပြည်သစ်ရဲဘော်များ
မွန်ပြည်သစ်ရဲဘော်များ

“ကျနော်တို့ နည်းလမ်း ရှာနေတုန်းပဲ။ ကျနော်တို့ကို ထိုးစစ်ဆင်နေတာ မဟုတ်ပေမဲ့ ကျနော်တို့လည်း ရှမ်းပြည်တပ်မတော်နဲ့ ထပ်တူ ခံစားနေရတယ်။ ကျနော်တို့ဟာ ဘဝတူတွေ ဖြစ်တယ်။ ရည်ရွယ်ချက်လည်း တူတယ်။

ဘဝကံကြမ္မာလည်း တူတယ်” ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်က ပြောသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) သည် လွန်ခဲ့သည့် ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂၀၁၀ နှစ်ကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နည်းတူ အပစ်ရပ် သဘောတူချက် ပျက်ပြားခဲ့သည်။ လတ်တလောတွင် အထက်ပါ အဖွဲ့များသည် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တွင် စုစည်းလျက် ရှိသည်။

“အကယ်လို့ တိုင်းရင်းသား လက်နကိုင် အဖွဲ့တခုခု ချေမှုန်းခံရရင် ကျနော်တို့အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။ ဒါ့ကြောင့် တဖွဲ့နဲ့ တဖွဲ့ အကူအညီပေးဖို့ ဆိုတာ သိပ်အရေးကြီးတယ်” ဟု အထက်ပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်တွင် စစ်အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စတင် ထိုးစစ်ဆင်ခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

  1. လူမျိုးစုတွေများပြားလှတဲ့ နိုင်ငံတွင်းမှာ ဒီလိုပဲ တိုက်ပွဲတွေဆက်ဖြစ်နေရင် ဘာဖြစ်သွားနိုင်မလဲ။
    တိုက်ပွဲတစ်ခု ဖြစ်ရင် ဘယ်သူတွေ အနစ်နာခံရမလဲ။ သူတို့တွေအတွက် လုံခြုံရေး ဘယ်သူပေးမလဲ။ တစ်ကမ္ဘာလုံး သဘာ၀ဘေးဒဏ်။ စစ်ဘေးဒဏ် တွေ အတုံးအရုံးခံနေကြရချိန်မှာ လက်ရုံးရည်မသုံးပဲ နှလုံးရည်နဲ့ ယှဉ်ပြိုင်နိုင်ပါစေ။ စစ်ရေးနဲ့လဲ မြန်မာစစ်အစိုးရကို နိုင်အောင်မတိုက်နိုင်ခဲ့တာ နှစ်ပေါင်း ၂၀ နီးပါးရှိခဲ့ပြီ။ တကယ်လို့တိုက်နိုင်ခဲ့ရင်လဲ လူမျိုးစုတွေများလွန်းလှသည့်အတွက်ကြောင့် လူမျိုးစုတိုက်ပွဲတွေပဲ ဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts