Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (စင်ကာပူ) ဒုတိယအကြိမ် Live Show ဂီတပွဲ ကျင်းပ

    မွန်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (စင်ကာပူ) ဒုတိယအကြိမ် Live Show ဂီတပွဲ ကျင်းပ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မွန်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ တည်ထောင်ခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မွန်တေးဂီတ Live Show အစီအစဉ်ကို စကာင်္ပူရောက် မွန်များက မတ်လ ၂၇ ရက်နေ့တွင် စီစဉ်တင်ဆက်ခဲ့သည်။

    စင်ကာပူ မွန်တေးဂီတ live Show
    စင်ကာပူ မွန်တေးဂီတ live Show

    Live Show အစီအစဉ်တွင် မွန်တေးသံရှင်များ ဖြစ်သော အဂ္ဂ၊ အနဂ္ဃ၊ သက္က၊ ဒေဝီ၊ မြချမ်းနွန်တို့က တဦးလျှင် သီချင်း ၈ ပုဒ်စီ သီဆို ဖျော်ဖြေခဲ့ကြသည်။

    ဖြေပျော်ပွဲသို့ တက်ရောက်အားပေးသူ ပုရိသတ် ၄၀၀ ကျော် ရှိပြီး မွန်းလွဲ ၆ နာရီမှ ည ၁၀ နာရီထိ ဖျော်ဖြေ တင်ဆက်သွားခဲ့ကြောင်း တက်ရောက်အားပေးသူ ပုရိသတ်တဦးက ဆိုပါသည်။

    “ပုရိသတ်က လက်ခုပ်သြဘာသံနဲ့ အားပေးတာကို တွေ့ရတာ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်” ဟု မွန်တေးသံရှင် အဂ္ဂ က ပြောသည်။

    ယခု အစီအစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် မွန်တေးသံရှင်များဖြစ်သည့် လဝီ၊ ဗညားထော၊ ရာမာဉ်၊ မြချမ်းနွန်နှင့် ဟေမာရော့ တို့က ပထမ အကြိမ် ဖျော်ဖြေတင်ဆက်ခဲ့သည်။

    “အခက်အခဲတွေကြားက အခုလို မွန်တေးဂီတကို တင်ဆက်နိုင်အောင် စီစဉ်ပေးတဲ့ စင်္ကာပူရောက် မွန်တိုင်းရင်းသား မဟာမိတ်အဖွဲ့ကို ချီးကျူးဂုဏ်ယူမိပါတယ်” ဟု မွန်တေးသံရှင် သက္က က ပြေသည်။

    မွန်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကို စကာင်္ပူရောက် မွန်တိုင်းရင်းသားများက ၂၀၀၁ ခုနှစ်မှ စ၍ တည်ထောင်ခဲ့သည်။ အဖွဲ့ဝင်အင်အား (၃၀၀) ကျော် ရှိပြီး အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေးအတွက် ရံပုံငွေအဖြစ် အဖွဲဝင်ဦးလျှင် တစ်လ စကာင်္ပူဒေါ်လာ (၅) ဒေါ်လာ ထည့်ဝင်ကြသည်။

    စကာင်္ပူရောက် မွန်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်မှာ

    ၁။ မွန်ပရိယတ္တိစာပေများကို သင်ကြားဖြေဆိုနေကြသော မွန်ဒေသလုံးမှ သံဃာတော်များအား ထောက်ပံ့ရန်။

    ၂။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် နွေရာသီ မွန်စာပေ သင်ကြားနေသည့် အဖွဲ့များအား ထောက်ပံ့ရန်။ (ရန်ကုန်၊ မော်လမြိုင်)

    ၃။ သီရိလကာင်္နိုင်ငံသို့ MA (Buddhism) ဘွဲ့အတွက် သွားရောက် ပညာသင်ကြားနေကြသော မွန်သံဃာတော်များအား ထောက်ပံ့ရန်။

    ၄။ Ph D ဒေါက်တာဘွဲ့အတွက် ပညာသင်ကြားနေကြသော မွန်သံဃာတော်များအား ထောက်ပံ့ရန် တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks