spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းနွေရာသီ မွန်စာပေ သင်တန်း ဖွင့်ပြီ

    နွေရာသီ မွန်စာပေ သင်တန်း ဖွင့်ပြီ

    -

    ရိုင်မရော့ – မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီက ဦးစီးကျင်းပသည့် နွေရာသီ စာပေသင်တန်းကို မွန်ဒေသလုံးတွင် မတ်လ ပထမပတ်မှ စတင်ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နွေရာသီ မွန်စာပေသင်တန်း သင်တန်းသား/သူများ လက်ခံကြိုဆိုပွဲ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နွေရာသီ မွန်စာပေသင်တန်း သင်တန်းသား/သူများ လက်ခံကြိုဆိုပွဲ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “အခုဆို မြို့နယ် ခုနှစ်မြို့နယ်လောက်မှာ နွေရာသီ မွန်စာပေ သင်ကြားမှုသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့တယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ယမန်နှစ်တွင် ရရှိသောစာရင်းဇယားအရ သင်တန်းသား/သူ ဦးရေ ၆ သောင်းခွဲကျော် ရှိကြောင်း ဒေါက်တာမင်းစိုးလင်းက ပြောသည်။ သို့သော်လည်း ပေါင်မြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ စာရင်းများ မပါဝင်ကြောင်း သူက ပြောသည်။

    နွေရာသီ မွန်စာပေ သင်ကြားမှုကို အစိုးရစာသင်ကျောင်း ပိတ်ချိန် မတ်လမှ မေလထိ နှစ်လတာကြားအတွင်း နှစ်စဉ် သင်ကြားလျက် ရှိသည်။

    အစိုးရ စာသင်ကျောင်း၌ တရားဝင် သင်ကြားမှု မရှိပဲ အချို့မြို့နယ်များတွင် နားလည်မှုဖြင့် သင်ကြားခွင့် ရရှိသည်။

    “စာသင်ဖို့အတွက် အခက်အခဲ အကြီးအကျယ် ရှိတယ်၊ သင်ဖို့နေရာ မရှိဘူးလေ၊ တချို့ဆို ဘုန်းကြီးကျောင်းမှာ သင်တယ်၊ တချို့ဆို သစ်ပင်အောက်မှာ သင်နေရတယ်” ဟု ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။

    ကျေးရွာအများအပြားရှိ စာသင်ကျောင်းများသည် အစိုးရစာသင်ကျောင်းဟု တွင်သော်လည်း ကျောင်းသားမိဘများနှင့် ရွာသားများက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း မိမိတိုင်းရင်းသားစာပေကို သင်ကြားခွင့် မရရှိကြပေ။

    ရွေးကောက်ဝင် မွန်ပါတီ ဖြစ်သည့် မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမတ်များက အစိုးရစာသင်ကျောင်းတွင် မွန်စာပေ သင်ကြားခွင့် ရရှိရန် လွှတ်တော်တွင် တင်ပြ တောင်းဆိုထားသော်လည်း အကြောင်းမထူးခဲ့ပေ။

    လူဦးရေ ၃ သန်းခန့် ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများမှာ အခြားတိုင်းရင်းသားများ နည်းတူ မိခင်စာပေကို သင်ကြားခွင့် မရရှိကြပဲ မြန်မာစာပေကိုသာ သင်ကြားကြရသည်။

    နွေရာသီ မွန်စာပေ သင်ကြားမှုကို ၁၉၄၁ ခုနှစ်မှ စ၌ မွန်ဘုန်းတော်ကြီးများက ဦးဆောင် စတင်သင်ကြားခဲ့ပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ဘုန်းတော်ကြီးများက ယနေ့တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည်။

    နွေရာသီ မွန်စာပေ သင်ကြားမှုကို ပြည်တွင်းအခြေစိုက် (NGO) အဖွဲ့အစည်းအချို့က သင်ကြားထောက်ကူပြု ကိရိယာအချို့ကို ထောက်ပံ့ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks