Saturday, March 14, 2026
More
    spot_img
    Homeသတင်းထိုင်းက သောင်းကျန်းသူကို ခြေကုပ်ပေးထားဟု ပြန်ကြားရေးဝန်ကြီး ပြော

    ထိုင်းက သောင်းကျန်းသူကို ခြေကုပ်ပေးထားဟု ပြန်ကြားရေးဝန်ကြီး ပြော

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ-မြန်မာနိုင်ငံ၏ ဆူပူသောင်းကျန်းမှုကို လုပ်ဆောင်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများကို ထိုင်းနိုင်ငံက ခြေကုပ်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
    ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)

    ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဝန်ကြီး ဦးကျော်ဆန်းက ထိုင်းနိုင်ငံဟု အမည်နာမ တိုက်ရိုက်သုံးနှုန်းပြောဆိုခြင်း မဟုတ်ပဲ ကရင်ပြည်နယ်ကို ရည်ညွှန်းပြီး နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံဟု သုံးနှုန်း ပြောဆိုခဲ့သည်။

    ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်း၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် မေးခွန်းကို မြန်မာနိုင်ငံ အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက ပြောကြားခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံသည် မြန်မာ့ဒုက္ခသည်များကို အများဆုံး လက်ခံထားသည့် နိုင်ငံ ဖြစ်သည့်ပြင် အချို့ဒုက္ခသည် စခန်းများတွင် သောင်းကျန်းသူ သူပုန်များ ပုန်းအောင်းနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သေးသည်။

    ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံး စီးပွားရေး ရင်းနှီးမြှပ်နှံမှု ပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်နိုင်ငံကဲ့သို့ မကန့်ကွက်ပဲ ထောက်ခံသောနိုင်ငံ ဖြစ်သည်။

    ၎င်းပြင် “နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး နည်းလမ်းသစ်ဖြင့် ဆောင်ရွက်မှုကြောင့် နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ယင်းအဖွဲ့များမှ ပဲ့ထွက် ကျန်ခဲ့သည့် အဖွဲ့ ၃ ဖွဲ့သာ ဥပဒေပြင်ပ၌ ကျန်ရှိကြောင်း” ဦးကျော်ဆန်းက ထည့်သွင်း ပြောကြားခဲ့သေးသည်။

    သို့သော်လည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလထုတ် မြန်မာ့အလင်း သတင်းစာကပင် အပစ်ရပ် သဘောတူချက် ပျက်ပြားခဲ့သည့် အဖွဲ့များ ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီတို့ကို လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဟု အသီးသီး သုံးနှုန်းခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks