spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ နယ်ခြား ပိတ်ပင်ထား

    ဘုရားသုံးဆူ နယ်ခြား ပိတ်ပင်ထား

    -

    မိမွန်ကျဲ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)- ထိုင်း မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် နယ်ခြားဖြတ်ကျော်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အတွက် မတ်လ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဝင်းကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲတော်သို့ မြန်မာနိုင်ငံဖက်မှ လာရောက်သူ နည်းပါးသွား ခဲ့သည်။ 

    ဝင်းကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲတော် (ဓာတ််ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မတ်လ ၅ ရက်နေ့တွင် ဘုရားသုံးဆူမြို့သို့ အသစ်ရောက်ရှိလာသော တပ်ရင်းမှူးသစ်မှ ထိုင်းဘက်ခြမ်းရှိ ဧည့်သည်များအား မြို့တွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်ရော ယခင်တပ်ရင်းမှူး လက်ထက်တွင် ခွင့်ပြုခဲ့သော နယ်စပ်ဖြတ်သန်းခွင့်ကိုပါ ပိတ်လိုက်သည်ဟု ဘုရားသုံးဆူ ဒေသခံများက ပြောသည်။

    ထို့အပြင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) မှလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် တက္ကသိုလ် စာမေးပွဲအပြီး ယခုလ မတ်လ ၂၅ ရက်နောက်ပိုင်းတွင် တော်လှန်ရေး ပြန်လည်စတင်မည်ဟု စာဖြန့်ဝေထားသည်ဟု ဒေသခံတို့က ဆိုသည်။

    မြန်မာအစိုးရဖက်မှ ယခုနယ်စပ်ဖြတ်သန့်ခွင့်စတင်ပိတ်လိုက်သည့်အပြင် ထိုင်းနယ်စပ်စစ်တပ် အမှတ် (၉) မှလည်း နယ်စပ်ဖြတ်သန်းခွင့်ကို ကျန်းမာရေးမှအပ ဖြတ်သန်းခွင့်မပြုသည့်အတွက် စံခလပူရီရှိ ဝင်ကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည် မွေးနေ့ပွဲတော်သို့ သွားရောက်ဖူးမျှော်လိုသူများမှာ အခက်အခဲဖြစ်သည့်အတွက် ယခင်ထက် ၁၀ ပုံ ၁ ပုံသာ သွားနိုင်ကြသည်ဟု ဘုရားသုံးဆူမြို့မှ နိုင်ဒိန်က ပြောသည်။

    “ကျမအဖေနဲ့အဖေကို ဘုရားသုံးဆူကနေ ဒီကိုလာဖို့အတွက် ၁၀၀၀ ပေးလိုက်ရတယ်။ ကားခရော သူတို့ကို အာမခံပေးတဲ့အတွက်ရောကိုလေ။ ဒါကြောင့် ဒီနှစ်မှာ သုံးဆူကလူတွေကို သိပ်မတွေ့ဘူး” ဟု ဘုရားသုံးဆူမြို့မှ မွန်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

    ယခင်နှစ်များတွင်လည်း နယ်စပ်ရှိ ထိုင်းအမှတ် (၉) စစ်တပ်မှ ပွဲတော်သွားသူများကို တညတာခွင့်ပေးသော်လည်း ယခုနှစ်တွင် အာမခံပေးသူရှိမှသာ သွားခွင့်ရကြသည်ဟု စံခလပူရီကားသမားတစ်ဦးက ပြောသည်။

    “ဘုရားသုံးဆူက လက်မှတ်မရှိတဲ့လူတွေက လာလို့မရဘူး။ လာချင်ရင်တော့ ကိုယ့်ကို တာဝန်ယူပေးတဲ့လူ ရှိရမယ်။ လက်မှတ်မရှိတဲ့သူ ၃ ဦးကို ကျနော် အာမခံပြီးတော့ ခေါ်လာတယ်။ အဲဒါကို ထိုင်းနယ်စပ်ဂိတ်က သူတို့နဲ့ ကျနော်ကို ဓာတ်ပုံရိုက်တယ်။ ကျနော့် မှတ်ပုံတင်ရယ်၊ ကားနံပါတ်တွေကို ထိုင်းဂိတ်မှာ ပေးထားရတယ်။ ကိုယ်အာမခံပေးတဲ့လူတွေ ပြန်ပို့တော့မှ သူတို့ပြန်ပေးတယ်” ဟု စံခလပူရီမှ ကားသမားတစ်ဦးက ပြောသည်။

    ယခင်နှစ်များတွင် ဘုရားသုံးဆူမှ ဒေသခံများသည် ၄င်းတို့မှတ်ပုံတင်၊ ရပ်ကွက်လူကြီးထောက်ခံစာကိုယူပြီး ထိုင်းမြန်မာနယ်ခြားကော်မတီထံ တင်ပြပြီး ထိုင်းစစ်တပ် အမှတ် (၉) မှ ခွင့်ပြုပါက သွားလာခွင့်ရသည်။

    ဝင်းကဆရာတော် ဦးဥတ္တမ သက်ရှိထင်ရှားရှိချိန်တွင် ဆရာတော်မွေ့နေ့အတွက် လက်မှတ်မရှိသူရော ရှိသူများပါ ပွဲတော်ချိန်အတွင်း အချိန်မရွေးသွားလာနိုင်သော်လည်း ဆရာတော် ပျံလွန်တော်မူသည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် လာရောက် လည်ပတ်သူများ အတွက် ယခင်ကဲ့သို့သော ဖြတ်သန်းသွားလာ နိုင်သည့် အခွင့်အရေးများ နည်းပါးလာသည်ဟု ထိုင်းအာဏာပိုင်နှင့်နီးစပ်သူက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks