Saturday, March 14, 2026
More
    spot_img
    Homeသတင်းပိတ်ဆို့မှု ရုပ်သိမ်းရန် ဥရောပသမဂ္ဂကို မွန်ပါတီတောင်းဆို

    ပိတ်ဆို့မှု ရုပ်သိမ်းရန် ဥရောပသမဂ္ဂကို မွန်ပါတီတောင်းဆို

    -

    မိကျဲဂို – မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ဥရောပ သမဂ္ဂ အဖွဲ့အား တောင်းဆိုလိုက်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း

    “စီးပွားရေးပိတ်ဆို့ရင် အနည်းနဲ့အများတော့ ထိခိုက်မှာပဲ၊ ပြည်သူတွေကို။ အဲဒါကြောင့် ကျနော်တို့က အဲဒါကို ရုပ်သိမ်းစေချင်တယ်။ အဓိကက အဲဒါပဲ။” ဟု ၂၀၁၀ ရွေးကောက်ပွဲ၀င် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း သည် အခြားသော နိုင်ငံရေးပါတီ တချို့မှ ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ (အီးယူ) သံတမန်များ နှင့် မတ်လ ၁၅ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရက်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုတို့ လည်း ပါ၀င်ခဲ့သည်။

    ဒေါက်တာမင်းနွယ်စိုး က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ခြင်းကြောင့် ပြည်သူများသာ ဒုက္ခရောက်ရကြောင်း၊ သို့သော်လည်း မည်မျှထိခိုက်သည်ကို အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း ပြောသည်။

    “လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူနဲ့ ကုန်တွေကို ကူးသန်းရောင်းဝယ်နိုင်မယ်ဆိုရင် ပြည်သူတွေအတွက် အကျိုးရှိမှာပဲ” ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    သို့သော်လည်း စစ်အစိုးရကို ဦးတည်သည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် ပြည်သူများကို ထိခိုက်မှု မရှိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။

    “ပြည်သူတွေ အခုလို ဆင်းရဲတွင်းနက်နေတာ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စစ်အစိုးရရဲ့ အုပ်ချူပ်ရေး ည့ံဖျင်းမှု၊ စီးပွားရေးကို မစီမံ မခန့်ခွဲတတ်လို့ အခုလို ဖြစ်နေတာ။ တိုင်းပြည်သံယံဇာတကတော့ အများကြီးပဲ။ အဲဒါကို မစီမံ မခန့်ခွဲတတ်လို့ ပြည်သူတွေ အလုပ်မရှိဘဲ ဆင်းရဲနေတာပါ။ အဲဒါက sanction (စီးပွားရေးပိတ်ဆို့မှု) နဲ့ မဆိုင်ဘူး” ဟု နိုင်တလညီက ပြောသည်။

    ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရန် မမြင်ကြောင်းလည်း သူက ထင်မြင်သည်။

    မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်း မပြုရန် တားမြစ်ခြင်း၊ စစ်အစိုးရအဖွဲ့၀င်များ၊ ၄င်းတို့နှင့် နီးစပ်သူများအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း၊ ကျောက်မျက်ရတနာများနှင့် ကျွန်းသစ်များ တင်ပို့ခွင့်ကို ဥရောပ သမဂ္ဂက ပိတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks