Saturday, March 14, 2026
More
    spot_img
    Homeသတင်းကန့်သတ်ရက် လွန်သော်လည်း သုံးဆူ-သံဖြူဇရပ်လမ်း ယာဉ်ဆက်လက်ပြေးဆွဲ

    ကန့်သတ်ရက် လွန်သော်လည်း သုံးဆူ-သံဖြူဇရပ်လမ်း ယာဉ်ဆက်လက်ပြေးဆွဲ

    -

    သူရိန် – ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) က ခွင့်ပြုထားသည့် ရက်အကန့်အသတ် ကျော်လွန်သော်လည်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းတွင် မော်တော်ယာဉ်များ ဆက်လက်ပြေးဆွဲလျက် ရှိသည်။ 

    သုံးဆူ-ရေးလမ်းတွင် ပြေးဆွဲနေ့သည့် မော်တော်ကားတစီး (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)

    ကန့်သတ်ရက် ကျော်လွန်သော်လည်း ထိုလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ကေအင်ယူက တစုံတရာ ပြောကြားခြင်း မရှိသည့်အတွက် ဆက်လက်ပြေးဆွဲနေကြခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ မှ အရာရှိတဦးက ပြောသည်။

    “ကျနော်သိသလောက်ကလည်း ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၂၇ ရက်နေ့အထိဘဲ၊ နောက်ပိုင်း ဘယ်လိုခွင့်ပြုချက်နဲ့ ပြေးဆွဲနေလည်းဆိုတာ ကျနော်လည်း မသိဘူး၊ ကေအင်ယူကလည်း ဘာမှ မပြောဘူး” ဟု သူက ပြောသည်။

    မော်တော်ယာဉ် ၆ စီးမှ ၁၅ စီးထိ နေ့စဉ် ပြေးဆွဲလျက် ရှိပြီး ယာဉ်ပိုင်ရှင်များက နှစ်စဉ်ကြေးအဖြစ် ကေအင်ယူအား ကားတစီးလျှင် ထိုင်းငွေ တသောင်းသုံးရာ (၁၀၃၀၀) ဘတ် ပေးဆောင်ရကြောင်း၊ ယာဉ်စီးကြပ်မှု အခွန်အကောက်များမှာလည်း ယခင်နှစ်များထက် ပိုများကြောင်း ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

    သူက “ကားပြေးဆွဲခွင့် နှစ်စဉ်ကြေးကတော့ ပုံမှန်အတိုင်းပါပဲ။ အကောက်ပဲ များသွားတယ်၊ နှစ်တိုင်းဆိုရင် ကားတစီးကို အကောက် ၇၀၀ – ၈၀၀ လောက်ပဲ ပေးရတယ်။ ဒီနှစ်တော့ အနည်းဆုံး ၉၀၀ ကနေ ၁၁၀၀ ထိ ပေးရတယ်။ အခွန်အကောက်အားလုံးကို တွက်လိုက်မယ် ဆိုရင်တော့ ကားတစီးက ရတဲ့ဝင်ငွေက ၆၀ ရာနှုန်းလောက်ပဲ ကျန်တယ်။ ကားပြင်စရိတ် ဆီခ နှုတ်လိုက်ရင် ဘာမှ မကျန်တော့ဘူး။ အလုပ်မရှိတာနဲ့ စာရင်တော့ နည်းနည်းကောင်းတာပေါ့” ဟု ပြောသည်။

    ပြည်တွင်းမှ သုံးဆူနယ်စပ်သို့ မော်တော်ယာဉ် ပြေးဆွဲနေသည့် ရေးလမ်း၊ သံဖြူဇရပ်လမ်းနှင့် ကြာအင်းဆိပ်ကြီးလမ်း ၃ လမ်း ရှိသည်။ ရေးလမ်းသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ကျန်လမ်း ၂ လမ်းမှာ ကေအင်ယူ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာရသည်။

    ဒေသလုံခြုံရေးကြောင့် ခရီးသည် အနည်းအကျဉ်းသာ သံဖြူဇရပ်လမ်းကို အသုံးပြုကြပြီး ခရီးသည် အများအပြားက ရေး-သုံးဆူလမ်းကို အားကိုးကြသည်။ ကြာအင်းဆိပ်ကြီးလမ်းမှာ ကေအင်ယူက ပိတ်ထားခဲ့သည်။ လမ်း ၃ လမ်းအနက် သံဖြူဇရပ်လမ်းမှာ ခရီးအချောမွေ့ဆုံးဖြစ်ပြီး၊ ရေးလမ်းမှာ အကြမ်းတမ်းဆုံး ဖြစ်သည်။

    ရွေးကောက်ပွဲအပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်အစိုးရတပ်နှင့် ဒီကေဘီအေ ၉၀၆ တပ်ရင်းတို့ ဖြစ်ပွားခဲ့သည့် ဘုရားသုံးဆူမြို့ တိုက်ပွဲအပြီး နယ်စပ်ဒေသ လုံခြုံရေးကို အကြောင်းပြု၍ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သံဖြူဇရပ်လမ်းကို ကေအင်ယူက ပိတ်ထားခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks