spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းခေါ်ဇာမြို့နယ်ခွဲတွင် ပထမအကြိမ် ဗုံးပေါက်

    ခေါ်ဇာမြို့နယ်ခွဲတွင် ပထမအကြိမ် ဗုံးပေါက်

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါ်ဇာမြို့နယ်ခွဲတွင် မတ်လ ၉ ရက်နေ့ ည သန်းခေါင်းယံအချိန်၌ ပထမအကြိမ်အဖြစ် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စ႘

    အဆိုပါဗုံးပေါက်ကွဲမှုမှာ နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘုရားပွဲကျင်းပသောကွင်းပြင်တွင် ပေါက်ကွဲသွားခဲ့သည်။ ၄င်းနေရာသည် မြန်မာဇာတ်သဘင်ပွဲ အနောက်ဘက် ၂၆ ပေအကွာခန့်တွင် ပေါက်ကွဲခဲ့သဖြင့် ပွဲကြည်ပရိသတ်များနှင့် ရုတ်ရုတ်် သဲသဲဖြစ် သွားခဲ့ကြောင်း မျက်မြင်သက်သေအမျိုးသမီးတစ်ဦးက ပြောသည်။

    “ဟုတ်တယ် ဗုံးပေါက်တယ် လူတော့မထိဘူး။ တကယ်လို့ ဇာတ်သဘင်ပွဲအရှေ့မှာ သွားပေါက်ခဲ့ရင် သေကြမှာ ဘုရားပွဲကလည်း တစ်ညနဲ့ပဲပြီးသွားတယ်” ဟု မျက်မြင်သူက ပြောသည်။ ပေါက်ကွဲမှုအတွင်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

    ၄င်းခေါ်ဇာမြို့အတွင်းရှိစေတီတော်အား နှစ်စဉ်နှစ်တိုင်း သုံးညဆက်တိုက် ဘုရားပွဲကျင်းပနေလေ့ရှိသော်လည် ယခုဗုံးပေါက်ကွဲမှုကြောင့် ကျန်ရှိသောညများကို စစ်အစိုးရမှ ဖျော်ဖြေခွင့်မပြုပေ။

    ပေါက်ကွဲခဲ့သည့်ဗုံးမှာ မည်သည့်အဖွဲ့အစည်းမှလာသော ဗုံးအမျိုးအစားဖြစ်သည်ကို မသိရှိသေးကြောင်း ၎င်းဗုံးသည် ဆွဲမိုင်းဗုံးအမျိုးအစားမဟုတ်ဘဲ အဝေးပစ်ဗုံး အမျိုး အစားသာဖြစ်ကြောင်း သိရသည်။

    ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခေါ်ဇာမြို့တွင် တာဝန်ကျနေသော မြန်မာစစ်အစိုးရ တပ်နှင့် ရဲအဖွဲ့အစည်းတို့က ၁၅ မိနစ်အတွင်း လက်နက်ကြီးငယ်များဖြင့် အပေါ်သို့ မြှောက်ပစ်ခဲ့ကြောင်း မျက်မြင်အမျိုးသမီးက ပြောသည်။

    အဆိုပါ ပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းမှ ဖောက်ခွဲသည်ကိုလည်း စုံစမ်း၍ မရသေးကြောင်း အာဏာပိုင်နှင့် နီးစပ်သည့် အမျိုးသမီးမြို့ခံတစ်ဦးက ပြောသည်။

    ရေးမြို့နယ် တောင်ပိုင်းဒေသတွင် မွန်ခွဲထွက်အဖွဲ့အစည်းများမှ နိုင်ပန်ဦးစီးသည့် အဖွဲ့နှင့် နိုင်ချမ်းဒိန်းဦးစီးသောတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေသဖြင့် စစ်အစိုးရတပ်နှင့် တိုက်ပွဲမကြာမဏဖြစ်ပွားမှုနှင့် တခါတလေ ပြန်ပေးဆွဲမှုမျိုးလည်းကြုံတွေ ့နေရသည့် အတွက်် ဒေသအတွင်းနေထိုင်သည့်ပြည်သူများ သွားလာရေး၊ နေထိုင်ရေး အေးချမ်း သာယာရေး မရှိကြောင်း အာဏာပိုင်နှင့် နီးစပ်သည့်အမျိုးသမီးမြို့ခံက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks