Saturday, March 14, 2026
More
    spot_img
    Homeသတင်းကရင်ပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသည် တိုး

    ကရင်ပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသည် တိုး

    -

    ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယခုနှစ် ခရီးသွားရာသီအတွင်း ကရင်ပြည်နယ်သို့ ဝင်ရောက်သည့် ကမ္ဘာလှည့်ခရီးသည် ယခင်နှစ်ထက် တိုးလာကြောင်း မော်လမြိုင်ရှိ ဟိုတယ်ဝန်ထမ်းတို့က ပြောသည်။ 

    တောင်နံရံရှိ ကော့ဂွန်းဂူဘုရားများ ( ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    ရန်ကုန်မှ ကုန်းလမ်းခရီးဖြင့် ကရင်ပြည်နယ် ဘားအံသို့ တိုက်ရိုက်ဝင်ရောက်သည့် ခရီးသည်များရှိသကဲ့သို့ မွန်ပြည်နယ် မော်လမြိုင်မှတဆင့် ကုန်းလမ်း၊ ရေလမ်းဖြင့် ဝင်ရောက်သူများလည်း ရှိကြောင်း သိရသည်။

    “ဒီနှစ်က ပိုများလာတယ်။ နေ့တိုင်းလိုလို Tourist တွေ သွားနေကြတယ်။ တချို့က ရန်ကုန်ကနေ တိုက်ရိုက် သွားတယ်၊ တချို့ကျတော့ ကျမတို့ ဟိုတယ်မှာ တည်း၊ မော်လမြိုင်ကို လှည့်ပြီးတော့မှ ဘားအံကို သွားတာ ရှိတယ်၊ ဘားအံကို ကားနဲ့ တနာရီခွဲလောက် သွားရတယ်” ဟု မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်မှ ဝန်ထမ်းတဦးက ပြောသည်။

    ရှေးဟောင်း ယဉ်ကျေးမှုများ၊ သဘာဝရှုခင်းနှင့် တိုင်းရင်းသား ရိုးရာဓလေ့များကို စိတ်ဝင်စားသည့်အတွက် ယခုကဲ့သို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် များပြားလာခြင်း ဖြစ်ကြောင်း သူမက ပြောသည်။

    ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူ၊ ဖားကန့်ဂူ၊ သဘာဝအခြေခံ ဇွဲကပင်တောင်နှင့် တိုင်းရင်းသား လူနေမှုဘဝကို ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားကြကြောင်း သိရသည်။

    အေဒီ ၈ ရာစု မွန်လက်ရာ ကော့ဂွန်းဂူမှာ သံလွင်မြစ် အနောက်ဘက် ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ရှိပြီး၊ မော်လမြိုင်မြို့မှ ၂၈ မိုင်ခန့် ကွာဝေးသည်။ ဂူ၏ ကျောက်နံရံများတွင် မြေမီးဖုတ် အုတ်ခွက် ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံး၊ ရုပ်ကြွများ၊ သဲကျောက်ကို ထွင်းထုထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ထုများ၊ မင်စာ၊ မွန်ကျောက်စာနှင့် ရှေးမွန်စာများ ရှိသည်။

    ကော့ဂွန်းဂူတွင်းရှိ ဘုရားများ ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မွန်ပြည်နယ်မှ ကရင်ပြည်နယ်သို့ ဝင်ရောက်သည့် ခရီးသွားဧည့်သည်မှာ ၂၀၁၀ ခုနှစ် ခရီးသွားရာသီတွင် ဧပြီလ၌ အများဆုံး ဖြစ်ပြီး ၇၁ ယောက် ရှိရာမှ ယခုနှစ် ခရီးသွားရာသီ ဇန်နဝါရီလတွင် ၁၂၈ ယောက်နှင့် ဖေဖေါ်ဝါရီလတွင် ၁၃၃ ယောက်ထိ တိုးလာခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက်စာမျက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks