spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းစာမေးပွဲဖြေနေစဉ် မီးမလာ၍ ကျောင်းသားများဆန္ဒပြ

    စာမေးပွဲဖြေနေစဉ် မီးမလာ၍ ကျောင်းသားများဆန္ဒပြ

    -

    ကျလွန်းထော – (၁၀) တန်းကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ် မီး၂ ရက် ဆက်တိုက် ပျက်သွားသည့်အတွက် မော်လမြိုင် တက္ကလိုလ်မှ ကျောင်းသား ၅၀ ဦးတို့က ယမန်နေ့ည ၈ နာရီခန့်တွင် ဆန္ဒပြကြသည်။

    မော်လမြိုင်တက္ကလိုလ် (ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    တက္ကသိုလ်ဝင်တန်းကျောင်းသားများ စာမေးပွဲစတင်ဖြေဆိုသည့် မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့ မီးဆက်တိုက် ပျက်သည့်အတွက် တက္ကသိုလ်ကျောင်းသားများက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

    “ကျနော်တို့ ငန်းတေးမီးစက်ကို အရင်သွားတယ်၊ အဲဒီအရှေ့မရောက်ခင် ဆိုင်ကယ်အိပ်ဇော့အသံကို အသံကုန်ဖွင့်တယ်၊ ပြီးတော့ အပြင်ကနေ ကျောက်ခဲတွေနဲ့ ပစ်တယ်၊ အဲဒီမှာ ၁၀ မိနစ်လောက်နေတယ် ပြီးမှ မြို့နယ်အင်ဂျင်နီယာရုံးဘက်ကို လှည့်သွားတယ်၊ အဲဒီအတိုင်းပဲ ပြန်လုပ်တယ်၊ ကျနော်တို့ နှစ်ပတ် ပတ်လိုက်တယ်” ဟု ၄င်းကျောင်းသားက ပြောသည်။

    မြို့နယ်အင်ဂျင်နီယာရုံးကို ကျောက်ခဲ့ဖြင့် ပစ်ခဲ့ခြင်းကြောင်း ရုံးရှိပြတင်းပေါက်မှန်များ ကွဲအက်မှုကြောင်း ယခုချိန်ထိ အာဏာပိုင်တို့ဘက်မှ တစုံတရာ လုပ်လာခြင်းမရှိသေးကြောင်း ၄င်းက ပြောသည်။

    အရေးကြီးသည့် စာမေးပွဲဖြေစဉ်ကာလအတွင်း မီးဖြတ်လိုက်သည့်အတွက် ဆန္ဒပြရန် လူစုရခြင်းဖြစ်ကြောင်း ဦးဆောင် ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

    ထိုသို့ တက္ကသိုလ်ကျောင်းသားများဆန္ဒပြပြီးနောက် ယနေ့နံနက် (မတ်လ ၉) ရက်နေ့မှာ မီးပုံမှန် ပြန်လာနေပြီး ဖြစ်ကြောင်း သိရသည်။

    ယခုလိုကျောင်းသားများ ဆန္ဒပြခြင်းအပေါ် အာဏာပိုင်တို့ဘက်မှ တစုံတရာ ပြောကြားခြင်း ဆွေးနွေးခြင်းမရှိသေးကြောင်း မော်လမြိုင်တက္ကသိုလ်နယ်မြေရှိ အဆောင်မှုးတစ်ဦးက ပြောသည်။

    “အခုချိန်ထိ ဘာမှ မပြောသေးဘူး၊ အစိုးရကနေပြီးတော့ ပါမောက္ခကို သွားပြောတာလည်း မကြားသေးဘူး၊ ဒီနှစ် ကျောင်းမဖွင့်ခင်တုန်းကလည်း ကျောင်းသားတွေ တစ်ခုခုလုပ်မယ်ဆိုရင် ကျောင်းသားနဲ့ မဆိုင်ဘူး၊ အဆောင်မှူးတွေမှာပဲ တာဝန်ရှိတယ်၊ အဆောင်မှူးတွေ တာဝန်ယူရမယ်လို့ ကျနော်တို့ အဆောင်မှူးတွေအားလုံးကို အစည်းအဝေးခေါ်တွေ့ပြီးသားပဲ၊ မီးကလည်း လာနေပြီးဆိုတော့ ကျနော်တို့ကို ခေါ်တွေ့မယ်မထင်ဘူး” ဟု ၄င်းအဆောင်မှူးက ပြောသည်။

    လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ ၉ ရက်နေ့တွင်လည်း ၁၀ တန်းကျောင်းသားများ စာမေးပွဲမဖြေခင်၌ ယခုလိုမျိုး ၃ ရက်ဆက်တိုက် မီးမလာသည့်အတွက် တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော်တို့က မီးပြန်လည် ပေးဆောင်ရန် ဆန္ဒပြ တောင်းဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts