spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းနအဖတပ်နှင့် ကေအင်ယူ တိုက်ပွဲဖြစ်၊ ရွာသားများ ပေါ်တာဆွဲခံရ

    နအဖတပ်နှင့် ကေအင်ယူ တိုက်ပွဲဖြစ်၊ ရွာသားများ ပေါ်တာဆွဲခံရ

    -

    ဂျူရီချိုင်း – တိုက်ပွဲအတွင်း ဒဏ်ရာရသူများနှင့် ၎င်းတို့၏ စစ်လက်နက် ရိက္ခာများကို သယ်ဆောင်ရန်အတွက် မတ်လ ၅ ရက်နေ့တွင် စစ်အစိုးရတပ်မှ ဘုရားသုံးဆူမြို့နယ်ရှိ တဒိန်ရွာသား ၃၀ ကျော်ကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားကြောင်း ရွာခံများက ပြောသည်။ 

    ဖဖေါ်ဝါရီလအတွင်း စစ်လက်နက် ရိက္ခာများ သယ်ဆောင်ရန်အတွက် ချောဆွဲခံရသည့် မော်တော်ကားများ ဘုရားသုံးဆူမြို့သို့ ဝင်လာစဉ်။ (ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် သုံးဆူအခြေစိုက် ရှေု့တန်းတပ်ရင်း ခလရ ၂၈၃ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၆ မှ တပ်ခွဲ ၂ တို့ ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၈ မိုင်အကွာ တဒိန်ရွာအနီး သက်ကယ်ရွာတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    “နအဖ စစ်ကြောင်းက တဒိန်ရွာကနေ မဲဇလီကို အဆင်း၊ ကေအင်ယူကလည်း သတင်းမရလားတော့ မသိဘူး၊ သက်ကယ်ရွာ အရောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်တာပဲ။ နအဖဘက်က ဒဏ်ရာရတဲ့သူတွေ များတယ်၊ ဒါ့ကြောင့် ရွာသားတွေကို ပေါ်တာခေါ်သွားတယ်” ဟု တဒိန်ရွာသူတဦးက ပြောသည်။

    စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ KNLA ဘက်မှ ကျဆုံးဒဏ်ရာရရှိသူစာရင်းကို မသိရှိကြောင်း ပြောသည်။

    သက်ကယ်ရွာသည် တဒိန်ကျေးရွာ အနောက်ဘက် မိုင်ဝက်ခန့်တွင် ရှိပြီး အိမ် ၁၀ လုံးခန့်သာ ရှိသည့် ခြံရှင်များ စုစည်းနေထိုင်သည့် ရွာငယ်ဖြစ်သည်။

    ရွာသားများအပြင် သုံးဆူမြို့မှ မော်တော်ကား ၆ စီးကိုလည်း ချောဆွဲသွားခဲ့ကြောင်း သုံးဆူမြို့ခံတဦးက ပြောသည်။ မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မော်တော်ကားအချို့နှင့် အထမ်းသမားအချို့ ပြန်ရောက်လာသော်လည်း အချို့မှာ ပြန်မရောက်သေးကြောင်း သူက ပြောသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ အပလုံကျေးရွာအနီးတွင် ခမရ ၅၆၆ တပ်ရင်းကို ကေအင်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ က ခြုံခိုတိုက်ခိုက်ခြင်းကြောင့် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းပြင် လက်နက်ခဲယမ်းနှင့် ရိက္ခာများကို သယ်ဆောင်ရန် ငှားရမ်းထားသည့် ကားမောင်းသမားတဦး သေဆုံးပြီး နောက်လိုက်တဦးလည်း ဒဏ်ရာ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks