spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်း ထပ်ချပေး

    ၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်း ထပ်ချပေး

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် ၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်းခန့် ထပ်ချပေးရန်ရှိသည်။

    GSM ဖုန်းနှင့် ပြိုင်တူ အသုံးပြုနေသည့် CDMA - 450

    GSM မိုဘိုင်းဖုန်းများကို မတ်လအတွင်းမှာ ချပေးမည်ဖြစ်ပြီး လျှောက်ထားသူလည်း ချပေးမည့် ဖုန်းအရေအတွက်ထက် များပြားနေကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်းလောက် ချပေးတယ်၊ လာလျှောက်သူတွေလည်းတော်တော်များတယ်” ဟု အထက်ပါ မြန်မာ့ဆက်သွယ်ရေးဌာနနှင့် နီးစပ်သူက ပြောသည်။

    ယခုချပေးမည့် GSM မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးလမ်းကြောင်းများအနက် အင်တာနက်အသုံးပြုခြင်းကိုပါ သုံးစွဲနိုင်သည့်အတွက် လူအများစိတ်ဝင်စားကာ ယခုလို လျှောက်ထားသူ များပြားလာရသည်ဟု ၎င်းနီစပ်သူက ပြောသည်။

    ဖုန်းလိုချင်သူများ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လျှောက်ခွင့်ပြုထားပြီး လျှောက်ထားသူများပြားနေသည့်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လျှောက်တင်ခွင့်ပိတ်လိုက်သည်။

    မော်လမြိုင်မြို့တွင် မြန်မာ့ဆက်သွယ်ရေးဌာနမှ GSM ဖုန်း လျှောက်ထားသူ အရေအတွက် ၃ သောင်းကျော်ရှိနေပြီး၊ တချို့မှာ ၃ လုံးအထိ လျှောက်ထားသူလည်းရှိကြောင်း လူငယ်များအကြားမှာလည်း မိုဘိုင်းဖုန်း အသုံးပြုမှုများပြားလာကြောင်း GSM ဖုန်းလျှောက်ထားသူ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

    ဖေဖော်ဝါရီလလယ်ပိုင်းခန့်က နေပြည်တော်၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးသည့် GSM မိုဘိုင်းဖုန်းများကို အင်တာနက်ဆက်သွယ်အသုံးပြုမှု ရနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    ယခင်က GSM ဖုန်းဖြင့် အင်တာနက်ချိတ်ဆက်မှုမရရှိနိုင်ကြောင်း ယခုနောက်ပိုင်း ချပေးမည့် GSM ဖုန်းမှာ အင်တာနက်ပါ ချိတ်ဆက်နိုင်မည်ဆိုပြီး ပြည်သူများ စိတ်ဝင်စားမှု ပိုရှိလာသည်ဟု GSM ဖုန်း အသုံးပြုနေသူတစ်ဦးက ပြောသည်။

    ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားသည်။

    လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်း၀န်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

    GSM မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုမှုနှင့်အတူ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်အကောင်အထည်ဖော်နိုင်ခဲ့သည့် ဆက်သွယ်ရေး (SKY NET) တစ်မျိုးထွက်ရှိနေပြီး အင်တာနက်ဆက်သွယ်ရေး၊ ဖုန်းနှင့် (TV) လိုင်းမျာအသုံးပြုနိုင်သည့်အတွက် တစ်စုံကို ငွေကျပ် ၈ သိန်းနှုန်းဖြင့် ပြည်သူများစိတ်ဝင်စားစေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks