spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းဗျူဟာမှူး အပြန် ထောက်ပံ့ရန် လောင်းကစားဝိုင်း ဖွင့်ပြီး ငွေရှာ

    ဗျူဟာမှူး အပြန် ထောက်ပံ့ရန် လောင်းကစားဝိုင်း ဖွင့်ပြီး ငွေရှာ

    -

    လွတ်လပ်သောမွန်သတင်း အေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တာဝန်ယူခဲ့သည့် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော် နောက်တန်းအပြန်စရိတ် ထောက်ပံ့ရန်အတွက် သုံးဆူအခြေချ စပ်တပ်များမှ ဇာတ်ပွဲသွင်း၊ လောင်းကစားဝိုင်း ဖွင့်ပြီး ငွေရှာလျက် ရှိသည်။ 

    ဘရားသုံးဆူမြို့ (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ )

    လောင်းကစားဝိုင်းများကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ နေ့ရောညပါ ကျင်းပခွင့် ပေးထားပြီး သုံးဆူရဲစခန်း အရှေ့ဘက် ဂေါက်ကွင်းတွင် ကျင်းပဆဲဖြစ်သည်။ ယခုကဲ့သို့ ငွေရှာခြင်းသည် သုံးဆူမြို့တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

    ပွဲကန်ထရိုက်နှင့် ဗျူဟာမှူးတို့ နားလည်မှုယူကာ ဖွင့်ထားခြင်း ဖြစ်ပြီး၊ လောင်းကစားဝိုင်းမှ ကောက်ခံရရှိငွေများကို ဗျူဟာမှူး အပြန်တွင် ထောက်ပံ့မည်ဟု အာဏာပိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတဦးက ပြောသည်။

    အနီထောင်ဝိုင်း ၁၀ ဝိုင်းခန့်၊ အန်ဂဠုန်ဝိုင်း ၇၀ ခန့်နှင့် ဖဲဝိုင်း ၄ ဝိုင်းရှိပြီး ထိုင်းဘတ်ငွေ ၃၁၀၀၀ ကို ကောက်ခံရရှိထားပြီ ဖြစ်ကြောင်း သူက ပြောသည်။

    အကောက်ကြေး တနေ့တာအတွက် အနီထောင်ဝိုင်း တဝိုင်းလျှင် ဘတ်ငွေ ၁၀၀၀၊ အန်ဂဠုန် ခုံကြီးတဝိုင်းလျှင် ဘတ် ၃၀၀၊ ခုံငယ်တဝိုင်း ဘတ် ၁၅၀ ပေးရပြီး ဖဲဝိုင်းများကိုလည်း ဘတ် ၁၀၀ အောက် ကောက်ခံလျှက် ရှိကြောင်း အနီထောင်ဝိုင်းဖွင့်သူတဦးက ပြောသည်။

    ဗိုလ်မှူးကြီး သိန်းဇော်သည် ၂၀၁၀ ခု စက်တင်ဘာလမှစ၍ ယနေ့အထိ တာဝန်ယူလျက် ရှိပြီး ဘုရားသုံးဆူတွင် တာဝန်ယူရသည့် သက်တမ်း အကြာရှည်ဆုံး ဗျူဟာမှူး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks