Homeသတင်းမွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ထာ၀ရ ကွယ်လွန်

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ထာ၀ရ ကွယ်လွန်

-

မကွယ်လွန်မီ သုံးရက် ဖေဖေါ်၀ါရီလ ၁၉ ရက်နေ့ ပါတီဗဟိုဌာနချုပ် နယ်မြေ ပနန်းပိန်ကျေးရွာတွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းနားတွင် သဘာပတိအဖွဲ့၀င်အဖြစ် ဆောင်ရွက်ခဲ့စဉ်

မင်းတော်လ၀ီ-မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ထာ၀ရသည် ယနေ့ ဖေဖေါ်ဝါရီလ ၂၂ ရက် နံနက် ၂ နာရီတွင် ပါတီ ဗဟိုဌာနချုပ်၌ ကွယ်လွန်ခဲ့သည်။

အသက် ၅၅ နှစ်ရှိ နိုင်ထာဝရသည် သွေးတိုး၊ ဆီးချိုနှင့် အဆစ်မြစ်ရောင် ရောဂါေ၀ဒနာ ခံစားနေရပြီး ပါတီတာ၀န်များကို ထမ်းဆောင်ရင်း ကွယ်လွန်သွားခြင်း ဖြစ်သည်။

မကွယ်လွန်မီ သုံးရက် ဖေဖေါ်၀ါရီလ ၁၉ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ် နယ်မြေ ပနန်းပိန်ကျေးရွာတွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းနားတွင် သဘာပတိအဖွဲ့၀င်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပါတီဥက္ကဌမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

“ပါတီက တာ၀န်ရှိ ခေါင်းဆောင်တဦး ကွယ်လွန်သွားတာဟာ လတ်တလော ပါတီအတွက် အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ လောလောဆယ်တော့ အစားထိုး ခန့်ဖို့ အစီအစဉ် မရှိသေးဘူး၊ ဗဟိုကော်မတီ အစည်းအဝေးမှာ အစားထိုးခန့်အပ်နိုင်ပါတယ်” ဟု ဗဟိုအလုပ်မှုဆောင် နိုင်တလညီ က ပြောသည်။

နိုင်ထာ၀ရသည် မွန်ပြည်သစ်ပါတီ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် စစ်ရေး ကျွမ်းကျင်သူတယောက် ဖြစ်ပြီး တိုက်ရေးခိုက်ရေး ကောင်းသူအဖြစ်လည်း ကျော်ကြားသူတဦး ဖြစ်ကြောင်း နိုင်တလညီက ပြောသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်ဟောင်းနှင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွတ်ကလည်း “နိုင်ထာ၀ရဟာ စစ်ရေးမှာ ပိုပြီး စိတ်သန်တယ်၊ တိုက်ခိုက်ရေးလည်း ကောင်းတယ်၊ အထူးသဖြင့် ပျောက်ကျားစနစ်မှာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာဇာတိ နိုင်ထာ၀ရသည် မွန်ပြည်သစ်ပါတီသို့ ၁၉၇၆ ခုနှစ်တွင် စတင်၀င်ရောက်ပြီး ၁၉၇၈ ခုနှစ်ကုန်ပိုင်းတွင် ခေတ္တအနားယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပါတီသို့ ပြန်လည်ဝင်ရောက်ပြီး မွန်အမျိုသား လွတ်မြောက်ရေး တပ်မတော်တွင် မြို့နယ်တပ်ခွဲမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရင်းမှူး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၂၀၀၀ ခုနှစ်မှ စ၍ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းပြီး သထုံ၊ မော်လမြိုင်နှင့် ထား၀ယ်ခရိုင်များတွင် ခရိုင်ဥက္ကဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ် သတ္တမအကြိမ် ပါတီညီလာခံမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖြစ် ရွေးချယ်ခံရပြီး ကွယ်လွန်ချိန်တွင် ဗဟိုအုပ်ချုပ်ရေးဌာနကြီး တာဝန်ခံဖြစ်ပြီး ဇနီးမိခင်မျိုးရည်နှင့် သားသမီး ၂ ဦး ကျန်ရစ်သည်။

ဆက်စပ်သတင်း

1 COMMENT

  1. စိတ်မကောင်းချင်းများစွာဖြင့် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှကြေကွဲ၀မ်းနည်းမိပါသည

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts