spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပါတီ အမတ်၂ ဦး မွန်ပြည်နယ်ဝန်ကြီးစာရင်းတွင် တင်သွင်းခံရ

    မွန်ပါတီ အမတ်၂ ဦး မွန်ပြည်နယ်ဝန်ကြီးစာရင်းတွင် တင်သွင်းခံရ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် တင်သွင်းသည့် ပြည်နယ်ဝန်ကြီး ၉ ဦး အမည်စာရင်းတွင် မွန်ပါတီမှ အမတ် ၂ ဦး ပါဝင်ကြောင်း မွန်ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

    ဒေါက်တာမင်းနွယ်စိုး နှင့် နိုင်လဝီအောင် (နိုင်မြင့်ဆွေ)

    တင်သွင်းခံရသူ ၂ ဦးမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးနှင့် ဗဟိုကော်မတီဝင် နိုင်လဝီအောင် (နိုင်မြင့်ဆွေ) တို့ ဖြစ်ပြီး မည်သည့်ဝန်ကြီးဌာနတွင် လျာထားခံရသည်ကို မသိရသေးကြောင်း နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွင် မွန်ဒေသအသီးသီးမှ ဗဟိုကော်မတီ ၆၃ ဦး ပါဝင်သည်။

    ဒေါက်တာမင်းနွယ်စိုးမှာ အငြိမ်းစား ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် လျာထားခံရခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

    ပါတီဥက္ကဌ နိုင်ငွေသိန်းကမူ အစိုးရ၏ ဟာကွက်များကို ထောက်ပြမည့် အတိုက်အခံပါတီအဖြစ်သာ ရပ်တည်လိုပြီး ဝန်ကြီးဌာနများတွင် မပါဝင်စေလိုသည့် ပုဂ္ဂိုလ်ရေးအမြင် ရှိသည်။

    “တကယ်လို့ ဒေါက်တာမင်းနွယ်စိုးက ကျန်းမာရေးဝန်ကြီး ဖြစ်သွားပြီ ဆိုပါတော့၊ သူတို့ခိုင်းတာကို ကိုယ်လုပ်ရတော့မယ်၊ ကိုယ့်အကြံညာဏ်တော့ ပါတယ်ပေါ့၊ ဒီနေရာမှာ သင်တန်းဖွင့်လိုက်၊ ဒီဆေးရုံမှာ ဒါတွေလုပ်လိုက်၊ ဒါတွေကို ကိုယ်က ပြောလို့ရတယ်၊ ဒါပေမဲ့ သူတို့ သဘောတူမှ ကိုယ်ကလုပ်လို့ရတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    မော်လမြိုင်မြို့ မောရဝတီ ပန်းခြံအနီး ယခင် ပယက ရုံးတွင် ကျင်းပသည့် ယမန်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် တင်သွင်းသည့် ဝန်ကြီးများကို လွှတ်တော်အမတ်များက ကန့်ကွက်သူ မရှိသည့်အတွက် နံနက် ၁၀ နာရီကျော်တွင်ပင် ပြီးဆုံးခဲ့သည်။

    ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ် ဝန်ကြီးချုပ်က ဖွဲ့စည်းခွင့် မရှိပဲ ရွေးချယ်ထားသည့် ပြည်နယ် ဝန်ကြီးများကို နိုင်ငံတော် သမတထံ တင်ပြပြီး သမတက သဘောတူမှသာ ခန့်အပ်ခွင့် ရှိသည်။

    လွန်ခဲ့သည့် ဇန်နဝါရီလ ၃၁ တွင် စတင်ခေါ်ယူခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် သဘာပတိ၊ ဥက္ကဌ နှင့် ဒု-ဥက္ကဌ နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီကသာ ရရှိခဲ့သည်။

    အလားတူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တင်သွင်းသည့် ပြည်နယ်ဝန်ကြီးစာရင်းတွင်လည်း ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သည့် မွန်ပါတီမှ နိုင်စိုးသိန် ပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks