spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူရှိ ပရိဘောဂစက်ရုံ တရာကျော် ယာယီပိတ်

    ဘုရားသုံးဆူရှိ ပရိဘောဂစက်ရုံ တရာကျော် ယာယီပိတ်

    -

    လဝီဝင် – ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) နှင့် စစ်အစိုးရတို့ ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ဘုရားသုံးဆူဒေသတဝိုက်ရှိ သစ်ထုတ်လုပ်သည့် နယ်မြေများကို သစ်ခုတ်ရန် တားမြစ်ထားသည့်နောက်ပိုင်းတွင် ဂရိဘောဂစက်ရုံ တစ်ရာကျော် ယာယီရပ်ဆိုင်းခဲ့ရသည်။

    လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မွန်ပြည်သစ်ပါတီ နယ်မြေအတွင်း မြင်တွေ့ရသည့် သစ်ထုတ်ကားတစီး

    နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ပေါ်တွင် ပရိဘောဂစက်ရုံ ၁၃၈ ရုံ ရှိပြီး ယခုအချိန်တွင် ၁၀ စက်ရုံမျှသာ ပုံမှန်ဆက်လက်လည်ပတ်နိုင်သည်ဟု မြို့ခံတဦးဖြစ်သည့် သူရိန်က ပြောသည်။

    “ကေအင်ယူက သစ်ဆက်လက်ခုတ်တာကို ခွင့်မပေးဘူး။ ဒါကြောင့် ပရိဘောဂစက်ရုံ မလည်ပတ်နိုင်တာ” ဟု သူက ပြောသည်။

    ယခင်နှစ်တွင် ကေအင်ယူမှ မြန်မာစီးပွားရေးသမားများနှင့် စာချုပ်ချုပ်ကာ ပျဉ်းကတိုးသစ်တန် ၁၀၀၀ ကျော် ခုတ်လှဲရန် ခွင့်ပြုခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမား ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇလည်း ယမန်နှစ်တွင် စာချုပ်ချုပ်ခဲ့သည်။

    သို့သော်လည်း စစ်အစိုးရတပ်မှ ကေအင်ယူ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ လက်အောက်ရှိ တပ်များကို ထိုးစစ်ဆင်ချိန်တွင် ကေအင်ယူက သစ်ထုတ်လုပ်ခွင့် ပိတ်ပင်ထားသည်။

    ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင် နိုင်ထွန်းက “တကယ်လို့ လိုချင်လို့ သစ်လာဝယ်ရင်တောင် ကျနော့်ဆီမှာ သစ်တချောင်းမှ မရှိဘူး၊ ကေအင်ယူက သစ်ခုတ်တာ ခွင့်မပြုလို့လေ” ဟု ပြောသည်။

    “တောထဲမှာ မနှစ်က ကျနော်တို့ ခုတ်ထားတဲ့သစ်တွေက တော်တော်များများ ကျန်နေသေးတယ်၊ ဒီနှစ်ရောင်းဖို့အတွက် ပြင်ဆင်ထားခဲ့တာလေ၊ ဒါပေမဲ့ အဲဒါကို တောထဲကနေ ထုတ်လို့ မရသေးဘူး” ဟု သူက ဆက်ပြောသည်။

    လွန်ခဲ့သည့်နှစ်တွင် သုံးဆူမြို့ရှိ သစ်တောဌာနမှ ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ် တန်သုံးသောင်းခန့်ကို ယခုနှစ်တွင် ပရိဘောဂစက်ရုံများ၌ အသုံးပြုရန်အတွက် သိုလှောင်ထားခဲ့သည်။

    “စက်ရုံတွေဟာ သစ်တန် ၅၀ လောက် နေတိုင်း အသုံးပြုနေတယ်၊ ဒါကြောင့် သစ်ဘယ်လို လုံလောက်မှာလဲ” ဟု နိုင်သူရိန်က ပြောသည်။

    သစ်နည်းလာမှုကြောင့် ပရိဘောဂစက်ရုံရှင်များ ၄င်းတို့၏ ဝင်ငွေ ထိခိုက်ရသည့်အပြင် သစ်စျေးလည်း မြင့်တက်သွားခဲ့သည်။

    ယမန်နှစ် မတ်လအထိ ပျဉ်းကတိုးသစ် တစ်တန် ထိုင်းငွေ ၉၀၀၀ ဘတ်ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ၂၄၀၀၀ ဘတ်ထိ မြင့်တက်ခဲ့သည်။ သစ်ပျော့စျေးလည်း ယခင်နှစ်တွင် ၄၅၀၀ ဘတ် ရှိရာမှ ၁၁၀၀၀ ဘတ်ထိ ထိုးတက်ခဲ့သည်။

    ဒေသခံ ရာဘာ ခြံရှင်များလည်း ၄င်းတို့၏ ရာဘာပင်များကို ပရိဘောဂစက်ရုံတွင် အသုံးပြုရန်အတွက် ခုတ်လှဲ ရောင်းချကြသည်။ ၄င်းဒေသဝန်းကျင်တွင် သစ်မာ ပြုန်းတီးမှုကို ခြိမ်းခြောက်နေသည့်အပြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ကမ္ဘာကြီးပူနွေးမှုကိုလည်း ဖြစ်ပေါ်စေသည်။

    ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အာဏာပိုင်များအပါဝင် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဂရိဘောဂ ကော်မတီနှင့် မြန်မာတပ်အာဏာပိုင်တို့က အစည်းအဝေး ကျင်းပခဲ့ပြီး ပရိဘောဂစက်ရုံပိုင်ရှင်များ သက်နုများကို ဝယ်ယူခြင်း မပြုနိုင်ရန် တားမြစ်ခဲ့သည်။

    “အာဏာပိုင်တွေ ပြောတာ နောက်တောင်ကျနေပြီ။ ဒီမှာက အပင်ကြီးတွေ မရှိတော့ တော်တော်လေးကို ပူနေပြီ။ တကယ်လို့ အပင်ငယ်တွေကိုလည်း ဒီအတိုင်း ခုတ်ခွင့် ပေးလိုက်ရင်တော့ ခြောက်သွေ့မှုက ပိုပြီးတော့ တိုးလာလိမ့်မယ်” ဟု နိုင်သူရိန်က ဆိုပါသည်။

    သစ်ထည်လုပ်ငန်းသည် သုံးဆူဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်ပြီး၊ ၎င်းမှ ထုတ်လုပ်သည့် ပရိဘောဂများ၊ ပါကေးကြမ်းခင်းပြားများနှင့် ယွန်းထည်များကို မှောင်ခိုလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ အများဆုံး တင်ပို့ရောင်းချသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks