Homeသတင်းမြို့နယ်ဖွံ့ဖြိုးရေးဟုဆိုပြီး မြန်မာဇာတ်ပွဲလက်မှတ်အဓမ္မ ရောင်း

မြို့နယ်ဖွံ့ဖြိုးရေးဟုဆိုပြီး မြန်မာဇာတ်ပွဲလက်မှတ်အဓမ္မ ရောင်း

-

ဟောင်ဒိန်း – သံဖြူဇရပ်မြို့နယ် ဖွံ့ဖြိုးရေးအတွက်ဟုဆိုပြီး “ဖိုးချစ်” ဇာတ်ပွဲလက်မှတ်ကို မြို့နယ်အတွင်းရှိ စျေးဆိုင်များထံသို့ မြို့နယ်မြန်မာရဲတပ်ဖွဲ့က အတင်းအဓမ္မရောင်းနေသည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

သံဖြူဇရပ်မြို့ရှိ ကြာကန်ရပ်ကွက်တွင် မြန်မာရဲရန်ပုံငွေအတွက် ‘ဖိုးချစ်‘ ဇာတ်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက် ရုံတင်ပြသရာ ဖျာလက်မှတ်များကို စျေးဆိုင်အကြီးအသေပေါ် မူတည်၍ ရဲတပ်ဖွဲ့မှ လိုက်လံ ရောင်းချနေသည်။

“စျေးရောင်းလို့ မမြတ်ထဲကြားထဲက သူတို့ အတင်းရောင်းလို့ မဖြစ်မနေ နှစ်စောင်ဝယ်လိုက်ရတယ်” ဟု သံဖြူဇရပ်မြို့မှ ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်မှတ်တစ်စောင်မှာ ၈၀၀၀ ကျပ်ဖြစ်ပြီး ဆိုင်ကြီးများမှာ ငါးစောင်ခန့် ဝယ်ကြရသည်။

သံဖြူဇရပ်မြို့မှ အနီးအဝေးဆက်သွယ်ရေးဖုန်းဆိုင်ဖွင့်ထားသူတစ်ဦးက ရဲတပ်ဖွဲ့က အဓမ္မရောင်းချသည့်အတွက် ၄င်းတို့ဆက်သွယ်ရေးဖုန်းဆိုင်မှ နှစ်စောင်ဝယ်လိုက်ရပြီး ရော်ဘာအဝယ်ဒိုင်များ၊ မော်တော်ဆိုင်ကယ်စီးသူများကိုလည်း လိုက်လံရောင်းချနေသည်။

၄င်းတို့ရောင်းချရာတွင် မြို့တွင် ပန်းခြံများ ပြုပြင်ရန်နှင့် မြို့နယ် ဖွံ့ဖြိုးရေးအတွက်ဟုဆိုသော်လည်း မြို့တွင်းဖွံ့ဖြိုးရေးများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းမရှိဘဲ ၄င်းတို့ကိုယ်ကျိုးအတွက်သာ သုံးနေကြသည်ဟု ထိုဆက်သွယ်ရေးဖုန်းပိုင်ရှင်က ပြောသည်။

သံဖြူဇရပ်မြို့ရှိ အထက်တန်းကျောင်းဆရာတစ်ဦးက “အခုက သူတို့ကိုယ်ကျိုးအတွက်သက်သက် လုပ်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အစိုးရအသစ်ပေါ်လာလို့ရှိရင် သူတို့လည်း နေရာပြောင်းရင် ပြောင်းရနိုင်တယ်။ နေရာပြောင်းရင်လည်း သူတို့လက်ရှိနေရာ ပြန်ရ၊ မရက မသေချာဘူး ပြန်ရချင်မှ ပြန်ရမယ်။ အဲဒီတော့ သူတို့အတွက်ပိုက်ဆံရဖို့ သူတို့ရှာကြတာပေါ့“။

မြန်မာရဲတပ်ဖွဲ့မှ ယခုကဲ့သို့ ပြည်သူများအပေါ် အတင်းအဓမ္မလက်မှတ်ရောင်းချနေခြင်းမှာ ပြည်သူများအတွက် အလွန်နစ်နာသည်ဟု ၄င်းအထက်တန်းကျောင်းဆရာက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts