Homeသတင်းဘုရားသုံးဆူအနီးတွင် ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ဘုရားသုံးဆူအနီးတွင် ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနောက်ဘက် ၇ မိုင်အကွာ ဇမိချောင်းဝန်းကျင်တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တို့ ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာ ဇမိမြစ်ဒေသရှိ လှည်းဆိပ်နှင့် စောသဗြုဒေသခံတို့က ပြောသည်။

ဇမိမြစ် အရှေ့ဘက်ခြမ်းရှိ ဒု-ဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ ၉၀၆ တပ်ရင်းနှင့် အနောက်ဘက်ခြမ်း ကျုံမိပြင်ကျေးရွာရှိ ခမရ ၄၀၆ တို့ ယနေ့ နံနက် ၈ နာရီ (မြန်မာစံတော်ချိန်) ခန့်မှ စ၍ အပြန်အလှန် ပစ်ခတ်ကြပြီး မွန်းတည့်ခန့်တွင် တိုက်ပွဲ ပြီးဆုံးသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ ရှိ မရှိကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

“ဆက်တိုက်တော့ မဟုတ်ဘူး။ ခဏနေပစ် ရပ်သွား၊ ထပ်ပစ်ပြန်နဲ့ ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီး တချက် ကျပြီး ပစ်တာ ရပ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ခမရ ၄၀၆ သည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) ၈ အောက်တွင် ရှိသည်။

တိုက်ပွဲကြောင့် ဘုရားသုံးဆူရှိ ရှေ့တန်းတပ်ရင်း ဖြစ်သည့် ခလရ ၂၈၃ မှ ဗိုလ်ကြီး ဇေယျာလင်း ဦးစီးသည့် တပ်ဖွဲ့က လှည်းဆိပ်နဲ့ စောသဗြုကျေးရွာတဝိုက်တွင် လုံခြုံရေး သွားရောက်ချထားကြောင်း တပ်နှင့် နီးစပ်သူတဦးက ပြောသည်။ ခလရ ၂၈၃ သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စကခ ၁၉ အောက်တွင် ရှိသည်။

တိုက်ပွဲဖြစ်ပွားသည့် အနီးတဝိုက်ရှိ ဒေသခံများမှာ အနီးအနားသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts