Saturday, March 14, 2026
More
    spot_img
    Homeသတင်းကုန်တင်ယာဉ်တန်ချိန်ကန့်သတ်ဥပဒေကြောင့် ဆားလုပ်ငန်းရှင်များ တွက်ခြေမကိုက်

    ကုန်တင်ယာဉ်တန်ချိန်ကန့်သတ်ဥပဒေကြောင့် ဆားလုပ်ငန်းရှင်များ တွက်ခြေမကိုက်

    -

    မိလရီထော – မြန်မာအာဏာပိုင်တို့မှ ကုန်တင်ယာဉ်များတွင် ကုန်ပစ္စည်းတင်ပို့သည့် တန်ချိန်ကန့်သတ်လိုက်သည့်အတွက် ဆားဖြန့်ဖြူးရောင်းချရန် အခက်အခဲဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

    ကုန်တင်ယာဉ်များတွင် ဆားအလေးချိန် ၂၀ တန်ခန့် တင်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ ကုန်ပစ္စည်းတင်ပို့သည့်အလေးချိန် ကန့်သတ်လိုက်သောကြောင့် ယခုတွင် အလေးချိန် ၁၀ တန် ခန့်သာ တင်နိုင်သည်။

    ကုန်တင်ကားငှားရမ်းစရိတ်မှာ ဆားတန်ဖိုးထက် မြင့်နေသည့်အပြင်၊ ယခင်ထက် သယ်ယူပို့ဆောင်သည့် အကြိမ်များလာသည့်စရိတ်အတွက်ကြောင့် ဆားထုတ်လုပ်သူများ ညည်းနေကြသည်။ သံဖြူဇရပ်မြို့နယ် ပငရွာမှ ရန်ကုန်သို့ ပို့ဆောင်နေသည့်စျေးနှုန်းသည် ဆားတစ်ပိဿာလျှင် ၃၀ ကျပ်သာပေးဆောင်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ ၁၀၀ ကျပ်ခန့် ကုန်ကျသည်ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားထုတ်လုပ်သူ နိုင်တင်အောင်က ပြောသည်။

    “ဒီနှစ်အတွက် အမြတ်ကိုမပြောနဲ့တော့ ထုတ်ထားတဲအရင်ကို ့ပြန်မရသေးဘူး၊ နှစ်တိုင်းမှာ ကျနော်တို့ရဲ့ ဆားအထွက်နှုန်း သိန်းနှစ်ဆယ် ပိဿာတောင် ရရှိတယ်၊ ဒီနှစ်ကတော့ အခုမှ သုံးလေးသောင်း ပိဿာလောက်သာပဲ” ဟု ဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောပါသည်။

    လက်ရှိဆားစျေးနှုန်းမှာ အသင့်စားသုံးသည့်ဆားမှာ တစ်ပိဿာ ၇၀ ကျပ်ရှိပြီး၊ ယခင်နှစ်က ဆားကြမ်းစျေး တစ်ပိဿာ ၁၀၀ ကျပ်မြင့်သော်လည်း ဒီနှစ်မှာ တစ်ပိဿာ ၅၀ ကျပ်သာ တစ်ဝက်လောက် စျေးကျသွားသည်။

    “ဒီနှစ်မှာ ဆားလုပ်ဖို့ကျပ် ၁၀ သိန်း အရင်းထုတ်ထား၊ ၂၀၁၀ ဒီဇင်ဘာလ ၁၂ မှ ၁၄ သုံးရက်ထိ ရက်ဆက်တိုက်ရွာတဲ့နောက် သိန်း ၃၀ ကျပ် သူတို့ ဆုံးရှုံးခဲ့သည်၊ ဧကရာနဲ့ရှိတဲ့ တချို့လုပ်ငန်းရှင်တွေ အများကြီး ဆုံးရှုံးသွားခဲ့တယ်” ဟု နိုင်တင်အောင်က ပြောသည်။

    မိုးဆက်တိုက်ရွာထားခြင်းကြောင့် ပငရွာရှိ ဆားကွင်း ထောင်ဧကခန့် ဆုံးရှုံးသွားခဲ့သည်။ ပငကျေးရွာမှာ အစိုးရပိုင်ဆားလုပ်ငန်းအပြင် ပုဂ္ဂလိကပိုင် ဆားဖို ၄၀ ခန့်ရှိနေသည် ဟု နိုင်တင်အောင်က ဆိုသည်။

    မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း ဆားအများဆုံးထုတ်သည့် ဧရာဝတီတိုင်းမှာ ၉၀ ရာခိုင်နှုန်းရှိပြီး မွန်ပြည်နယ်မှာ ၁၀ ရာခိုင်နှုန်းသာ ဆားထုတ်လုပ်နေသည်။

    မွန်ပြည်နယ်ရှိ ဆားအများဆုံး ထုတ်လုပ်နေရာတွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲတို့မှာ ထုတ်လုပ်နေပြီး သံဖြူဇရပ်မြို့နယ်အပြင် ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတွေမှာလည်း ဆားအများအပြား ထုတ်လုပ်နေသည်။

    ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်ကြောင့် ဆားအများဆုံးထုတ်ဒေသ ဧရာဝတီတိုင်းမှာ ဆားကွင်းအများပြား ပျက်စီးသွားသည်။ အချိန်အတွင်းမှာ မွန်ပြည်နယ်ရှိ ဆားစျေး တစ်ပိဿာ ၃၀၀ ကျပ် စျေးမြင့်လာခဲ့သည်။

    သို့သော် ယခုချိန်တွင် နာဂစ်မုန်တိုင်ထိထားတဲ့ဒေသတွင် ဆားပြန်လုပ်၍လည်းကောင်း၊ ထိုင်းနိုင်ငံ မဟာချိုင်းမှ တင်သွင်း၍လည်းကောင်း မွန်ပြည်နယ်ရှိ ဆားစျေး ကျလာသည်။ မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုမှာ စားသုံးမှုထက် ပိုလျံနေသည့်အတွက် ဆားစျေးကျပြီး ကုန်တင်စရိတ်များလာသော်လည်း ဆားထုတ်လုပ်သူများမှာ ရန်ကုန်နှင့် အခြားဒေသများကို တင်ပို့လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks