Saturday, March 14, 2026
More
    spot_img
    Homeသတင်းလုပ်ခဖြတ်တောက်မည့်စာ အလုပ်သမားထံ ပေးပို့

    လုပ်ခဖြတ်တောက်မည့်စာ အလုပ်သမားထံ ပေးပို့

    -

    ကျလွန်းထော – ထိုင်းနိုင်ငံ ဖန်းငါးဒေသရှိ ရော်ဘာခြံပိုင်ရှင်သူဌေး (၃၀၀) ဦးတို့မှ လုပ်ခဖြတ်တောက်တော့ မည့်စာကို ရော်ဘာခြစ်အလုပ်သမားများထံ ပေးပို့ခဲ့သည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့မှစပြီး အလုပ်ရှင်မှ ပုံမှန်ပေးနေသည့် ၆ ပုံ ၄ ပုံ ရရှိသူများနှင့် ၄င်းအောက်ရရှိသူများအားလုံးလည်း ၅ ဘတ်ဆီ သူဌေးရှင်မှ ပိုယူမည်သွားမည်ဟု ဖန်းငါးဒေသမှ မွန်ရောဘာခြစ်လုပ်သား နိုင်ထွန်းက ပြောသည်။

    “ရော်ဘာရောင်းလို့ ၁၀၀ ဘတ်ရရင် သူဌေးက ၆၀ ကိုယ်က ၄၀ ရတယ်၊ အချို့နေရာတွေက ၆၅ နဲ့ ၃၅ လည်းရှိတယ်၊ အဲဒီလိုပုံမှန်ရနေတဲ့သူအားလုံးက သူဌေးက ၅ ဘတ်ဆီအပိုယူတယ်၊ ၆၀ ဆိုရင် ၆၅ သူဌေးက ယူတယ်၊ တကယ်လို့ ၆၅ သမားဆိုရင် ၇၀ သူတို့ ယူလိုက်တာပေါ့နော်” ဟု ၄င်းက ပြောသည်။

    ရော်ဘာစျေး တစ်ကီလို ၁၀၀ ဘတ် စျေးအထက် တက်နေသ၍ သူဌေးမှ ပိုယူသွားမည်ဖြစ်ပြီး ၁၀၀ ဘတ်အောက် စျေးလျော့သွားမှသာလျှင် ပုံမှန်စျေးသို့ ပြန်ပေးမည်ဟု သူဌေးရှင်တို့ ပို့လိုက်သည့်စာတွင် ရေးသားထားသည်။

    ၄င်းစာကို သူဌေးရှင်၏ လက်မှတ်ကိုယ်စီဖြင့် ထိုင်းဘာသာနှင့် မြန်မာဘာသာ နှစ်ဘာသာ ရေးသားထားသည်။

    “တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး၊ ရော်ဘာစျေးကောင်းမှ ဒီလိုလုပ်တာ၊ သူတို့ဆိုင်ကယ်စီးနေတာကနေ ကားစီးလာနိုင်အောင်ရယ် တောမှာနေရာကနေ မြို့မှာနေလာနိုင်တဲ့အထိ ကျနော်တို့က အလုပ်အကြွေးပြုလာတာ အခုစျေးကောင်းမှ ကျနော်တို့ကို ဒီလိုလုပ်တာ စိတ်တော့မကောင်းဘူး၊ ဒါပေမယ့် ကိုယ်က ဘာမှပြောပိုင်ခွင့်မရှိတော့ ဒီအတိုင်းပဲ လုပ်နေရတာပေါ့၊ တစ်ခါငွေရှင်းလို့ ၃၀၀၀ ရမယ့်နေရာ ၂၀၀၀ ဘတ်ပဲရတော့ စားဝတ်နေရေး အခက်အခဲနည်းနည်း ဖြစ်သွားတာပေါ့” ဟု နိုင်ထွန်းက ပြောသည်။

    ဇန်နဝါရီလ ၁၀ ရက်နေ့က ရော်ဘာခြံ ၂ ခြံသာ စျေးဖြတ်ယူသော်လည်း ယခုအချိန်တွင် ခြံအားလုံး စျေးဖြတ်ရန် စာပို့လိုက်ခြင်းဖြစ်သည်။

    ယခုအချိန်တွင် ရော်ဘာစျေး တစ်ကီလို ၁၆၀ ဘတ်အထက်ရှိနေပြီး ၂၀၀ ဘတ်အထိ ထပ်တက်ရန်ရှိသေးသည်ဟု ထိုင်းနိုင်ငံရှိ ရော်ဘာခြစ်လုပ်သားများက ပြောသည်။

    ထိုင်းနိုင်ငံ ဖန်းငါးဒေသအတွင်းရှိ ရော်ဘာခြံများသာ သူဌေးရှင်မှ လုပ်သားများထံ စာပေးပို့ပြီး စျေးဖြတ်ယူသော်လည်း တခြားဒေသများတွင် သူဌေးရှင်များ ဖြတ်ယူခြင်းမရှိသေးကြောင်း ဆူရပ်ဌာနီမှ မွန်လုပ်သားတစ်ဦးက ပြောသည်။

    “တကယ်လို့ သူတို့လုပ်လည်း ကိုယ်ဘာမှ ပြောလို့မှမရတာ၊ ကိုယ်ထွက်သွားရင် နောက်လူရောက်လာမှာပဲ၊ ဒါကြောင့် ဘာမှမပြောပဲ ရသလောက်လုပ်တာ အကောင်းဆုံးပဲ” ဟု ၄င်းက ပြောသည်။

    ရော်ဘာစျေးမှာ တစ်ကီလို ၈၀/၉၀ ဘတ်မှ တက်လာနေတာမှာ ယခု ၁၆၀ ဘတ်ကျော်အထိ စျေးကောင်းလာနေသည့်အတွက် ရော်ဘာခြစ်လုပ်သားများအတွက် စျေးကောင်းရသည့်အချိန်တွင် သူဌေးရှင်များက စျေးဖြတ်ယူနေသည်ဟု ရော်ဘာခြစ်လုပ်သားများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks