spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းလွှတ်တော်ဝင်မည့် တပ်မတော်သားများ စာရင်းကြေညာ

    လွှတ်တော်ဝင်မည့် တပ်မတော်သားများ စာရင်းကြေညာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်သုံးရပ်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို ယနေ့ထုတ်စစ်အစိုးရသတင်းစာမှာ ဖော်ပြထားသည်။

    တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို အမည်၊ ကိုယ်ပိုင်အမှတ်နှင့် ရာထူးအဆင့် အသီးသီးကို ဖော်ပြထားပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဗိုလ်ကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး စသည့်ရာထူးအဆင့်ရှိသူများ ဖြစ်သည်။

    လွှတ်တော်ဝင်မည့် တပ်မတော်သား ကိုယ်စားလှယ်များစာရင်းမှာ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး ဖြစ်ပြီး ပြည်နယ်လွှတ်တော် (သို့မဟုတ်) တိုင်းဒေသကြီးလွှတ်တော်အတွက် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ ကချင်ပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၃ ဦး၊ ကယားပြည်နယ်လွှတ်တော် ၅ ဦး၊ ကရင်ပြည်နယ်လွှတ်တော် ၆ ဦး၊ ချင်းပြည်နယ်လွှတ်တော် ၆ ဦး၊ မွန်ပြည်နယ်လွှတ်တော် ၈ ဦး၊ ရခိုင်ပြည်နယ်လွှတ်တော် ၁၂ ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော် ၃၆ ဦး စုစုပေါင်း ၈၆ ဦးပါဝင်သည်။

    တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၇ ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၉ ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ၁၇ ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၃၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၈ ဦး၊ တိုင်းဒေသကြီးမှာ စုစုပေါင်း တပ်မတော်သား ၁၃၆ ဦးပါဝင်သည်။

    မြန်မာစစ်အစိုးရတို့သည် ၂၂ နှစ်ကျော်အတွင်း ပထမအကြိမ် လွှတ်တော်အစည်းအဝေးခေါ်ယူရေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွ နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း တရားဝင် ကြေငြာထားပြီးဖြစ်သည်။

    ပြည်သူ့ လွှတ်တော်တွင် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ၄၄၀ ဦးပါ၀င်ကာ အမျိုးသား လွှတ်တော်တွင် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦး ပါ၀င်မည် ဖြစ်သည်။

    ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် ၄၉၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး စုစု ပေါင်း ၆၆၄ ဦး ပါ၀င်မည် ဖြစ်သည်။

    ပြည်ထောင်စု လွှတ်တော်တွင် ပါ၀င်မည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၁၆၆ ဦး) ပါဝင်မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts