spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလူငယ်နှင့် တက္ကသိုလ်ကျောင်းသားများအကြား ဆေးဝါးသုံးစွဲမှု ပိုများလာ

    လူငယ်နှင့် တက္ကသိုလ်ကျောင်းသားများအကြား ဆေးဝါးသုံးစွဲမှု ပိုများလာ

    -

    နိုင်မာန် – မွန်ပြည်နယ်အတွင်း လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများအကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများလာပြီး အကျင့်စာရိတ္တပျက်စီးမှုလည်းရှိလာသည်ဟု မွန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်က ပြောသည်။

    မြင်းဆေး (ခေါ်) ယာဘ နှင့် ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ဝင်လာသည့် ဘိန်းစာရွက်များ သုံးစွဲမှု ပိုများလာသည်။

    “လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဆေးဝါးသုံးစွဲမှုက ဒီကနေ့အခြေအနေအရဆို များပြားလာတယ်၊ ဟိုတုန်းကဆို ဆေးသုံးစွဲတယ်ဆိုတာ သတင်းလောက်ပဲကြားတယ်၊ အခုဆို ကိုယ့်မျက်စိရှေ့မှာ ကိုယ်တိုင်မြင်နေရတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

    လူငယ်နှင့် တက္ကသိုလ်ကျောင်းသားများကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးတွေ့မြင်နေရသည်က မော်လမြိုင်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အများဆုံးတွေ့ရပါသည်။

    မြင်းဆေး (ခေါ်) ယာဘဆေးကို မုဒုံမြို့နယ်တွင် အများဆုံးပြန့်နှံ့နေပြီး ၄င်းမှတဆင့် လူငယ်များအကြား အလွယ်တကူ ဝယ်ယူသုံးစွဲလာကြသည်။

    ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်နေကြသူများသည် ယစ်မူးစေသည့် ဘိန်းစာရွက်ပင်ကို မွန်ပြည်နယ်သို့ ယူပြန်လာပြီး မိမိတို့ နေအိမ် ခြံဝင်းအတွင်း စိုက်ပျိုးထားကာ ယခုနောက်ပိုင်း ကြီးထွားလာပြီး ထိုဘိန်းစာရွက်ကို သုံးစွဲသူများလာခြင်းကြောင့် စီးပွားဖြစ် ရောင်းချနေကြသည်။

    မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်မှ ထွက်နေသည့် ထိုဘိန်းစာရွက်တစ်ရွက်လျှင် ကျပ် ၅၀ ဖြင့်ရောင်းချနေပြီး၊ ၄င်းကို ရေးမြို့နယ်အတွင်းတွင် တဆင့်ပြန်ရောင်းသူတို့က တစ်ရွက်လျှင် ကျပ်ငွေ ၂၀၀ ထိ ရောင်းချနေသည်ဟု ရေးမြို့နယ် ကလော့ကျေးရွာမှ ထိုဘိန်းစာရွက် သုံးစွဲခဲ့သည့်လူငယ်တစ်ဦးက ပြောသည်။

    ၄င်းလူငယ်၏ အဆိုအရ ထိုဘိန်းစာရွက်ကို သုံးစွဲပြီးလျှင် အလုပ်လုပ်ရာမှာ ပေါ့ပါးသွက်လပ်မှုရှိပြီး မောပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်သည်။

    ယခု သုံးစွဲနေကြသည့် လူငယ်နှင့် တက္ကသိုလ်ကျောင်းသားတို့သည် ထိုဘိန်းစာရွက်ကို အရွက်လိုက်ဝါးစားခြင်းမဟုတ်ဘဲ ထိုအရွက်ကို ထောင်းပြီး ရရှိလာသည့်အရည်ကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်နှင့် ရောထည့်ပြီး သုံးစွဲခြင်းဖြင့် ယစ်မူးမှုအရှိန် တဖြည်းဖြည်း တက်လာသည်ဟု သုံးစွဲခဲ့ဖူးသူ လူငယ်တစ်ဦးက ပြောသည်။

    “အခုလို လူငယ်တွေ ကျောင်းသားတွေ မူးယစ်ဆေးဝါးကြောင့်နဲ့ ပျက်စီးနေတာကို ဘယ်လို ကာကွယ်တာဆီးရမလဲဆိုတာကို အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားသင့်တယ်” ဟု မော်လမြိုင် တက္ကသိုလ်မှ မွန်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

    ထိုမျှမက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်မှ အထက်တန်းကျောင်းသားအများစုလည်း စျေးနှုန်းနည်းနည်းနှင့် ယစ်မူးစေသည့် ဘိန်းစာရွက်ကို အလွယ်တကူဝယ်ယူနိုင်သည့်အတွက် အရည်ကျိုပြီး မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်ကို ကိုးကား၍ ကောင်းဝါသတင်းဌာနတွင် ဖော်ပြထားသည်။
    ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်းတွင် ဘိန်းစိုက်ပျိုးချိန်မှာ မြန်မာစစ်အစိုးရတို့မှ ဘိန်းစိုက်ခင်း ၇၃၀၉.၉၃ ဧကကို ဖျက်စီးနိုင်ခဲ့သည်ဟု အစိုးရပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks