spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထားဝယ်ဆိပ်ကမ်း၌ ရင်းနှီးမြုပ်နှံရန် Italian-Thai မှ အခမဲ့ခရီး စီစဉ်

    ထားဝယ်ဆိပ်ကမ်း၌ ရင်းနှီးမြုပ်နှံရန် Italian-Thai မှ အခမဲ့ခရီး စီစဉ်

    -

    လဝီဝင် – တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် လုပ်ငန်းရှင်များ၏ရင်းနှီးမြုပ်မှုကို ဆွဲဆောင်ရန် ထားဝယ်မြို့သို့ အခမဲ့ခရီးစဉ်ဖြင့် Italian- Thai ကုမ္ပဏီက စီစဉ်ပေးနေသည်ဟု ထိုင်းစီးပွားရေး လုပ်ငန်းရှင်ထံမှ သိရသည်။

    “ခရီးတစ်လျှောက် လိုအပ်တာတွေအားလုံ သူတို့က စီစဉ်ပေးတယ်၊ လေယာဉ်က ရန်ကုန်လေဆိပ်မှာ ဆင်းတယ်။ အဲဒီကနေတဆင့် မွန်ပြည်နယ် ရေးမြို့ကို လေယာဉ်နဲ့ ခရီးပြန်ဆက်တယ်။ အဲဒီနောက် ဆိပ်ကမ်းရှိတဲ့ ထားဝယ်မြို့ကို ဘတ်စ်ကားနဲ့ ပို့ပေးတယ်” ဟု ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ စံခလပူရီမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

    “သူတို့က စားဖို့သောက်ဖို့နဲ့ နေရာထိုင်ခင်း အပြည့်အဝ စီစဉ်ပေးတယ်” ဟု အထက်ပါ အမျိုးသမီးလုပ်ငန်းရှင်က ပြောသည်။

    ထားဝယ်ရေနက်ဆိပ်ကမ်းရှိသည့်နေရာတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပထမဦးဆုံးအကြိမ် ခရီးစဉ်ကို ဒီဇင်ဘာလတွင် Italian- Thai ကုမ္ပဏီက စတင်ခဲ့ပြီး ၄င်းခရီးစဉ်တွင် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၇၅ ဦးတို့ သွားရောက်လေ့လာခဲ့သည်။

    “ကျမတို့ အဲဒီနေရာ ရောက်တဲ့အချိန်မှာ ကုမ္ပဏီကနေပြီးတော့ ကျမတို့ကို ရောင်းမယ့်နေရာတစ်လျှောက် ပြပေးတယ်၊ အဲဒီနေရာက တကယ့်ကိုကြီးမားတဲ့ စီးပွားရေးဇုံတစ်ခုပါ၊ ကျမကို အဲဒီနေရာမှာ ရင်းနှီးမြုပ်နှံဖို့ ပြောပါတယ်၊ သိတဲ့အတိုင်းပဲလေ စံခလပူရီမှာလည်း ကျမ ဟိုတယ်တွေ ရှိသေးတယ်ဆိုတော့၊ ဒါပေမယ့် အဲဒီနေရာမှာ စီးပွားရေးလုပ်ဖို့ ကျမလည်း အသက်ကြီးနေလို့ စိတ်မဝင်စားတော့ဘူး” ဟု အမျိုးသမီးလုပ်ငန်းရှင်က ပြောပါသည်။

    “အဲဒီမှာ ထိုင်းအလုပ်သမား တစ်ရာကျော် တွေ့ခဲ့တယ်၊ ဒေသက အရမ်းကိုလှပတယ် ပြီးတော့ အင်မတန် ကြီးမားတဲ့ စီးပွားရေးဇုံတစ်ခုဖြစ်လာနိုင်တယ်” ဟု သူမက ပြောသည်။

    ယခုလာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း Italian-Thai ကုမ္ပဏီမှ ဒုတိယအကြိမ် ၄င်းနေရာသို့ သွားရောက်ရန်အတွက် သူမကို ဖိတ်ခေါ်ထားသေးကြောင်း သူမက ပြောသည်။

    ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်မှစတင်၍ Italian-Thai ကုမ္ပဏီက စတင်ရင်းနှီးမြုပ်နှံခဲ့သည်။ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းအထိ လေးလမ်းသွား ကားလမ်းလည်း တည်ဆောက်မည်ဖြစ်သည့်အတွက် ကုန်ပစ္စည်းများကို လွယ်ကူချောမောစွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သည်။

    ယခုလေးလမ်းသွားကားလမ်းကို တည်ဆောက်ခြင်းသည် ကုန်ပစ္စည်းများကို မလက်ကာရေလက်ကြားမှ ဖြတ်၍ မုတ္တမပင်လယ်လယ်သို့ ရေလမ်းဖြင့် သယ်ယူပို့ဆောင်သည်ထက် ပို၍ မြန်ဆန် လွယ်ကူချောမောစွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။

    ရင်းနှီးမြုပ်နှံသူများကို Italian-Thai ကုမ္ပဏီမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ စီးပွားရေးရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် လေ့လာရေးခရီးစဉ် အနေဖြင့် စီမံဆောင်ရွက်ပေးပြီး၊ ထိုင်း-မြန်မာလေးလမ်းသွားကားလမ်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်သွားမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks