spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်အစိုးရတို့က ပြည်သူများထံမြေသိမ်းပြီး ပြန်ရောင်း

    စစ်အစိုးရတို့က ပြည်သူများထံမြေသိမ်းပြီး ပြန်ရောင်း

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ ဂေါက်ရိုက်ကွင်းကို မြို့အာဏာပိုင်တို့က စီးပွားရေးလုပ်ငန်းရှင်တို့ထံ ရောင်းလိုက်ပြီးဖြစ်ကြောင်း သိရသည်။

    ထိုမြေနေရာသည် ယခင်က အားကစားကွင်း ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ဂေါက်ကွင်းအဖြစ်တည်ရှိနေသည်။ ဂေါက်ကွင်းသည် ဘုရားသုံးဆူမြို့ ရဲစခန်းအရှေ့ဘက်တွင်တည်ရှိပြီး  မြေဧရိယာ ၅ ဧကခန့်ရှိသည်။

    ဇန်နဝါရီလ ၉ ရက်နေ့တွင် ဘုရားသုံးဆူမြို့နယ်ဥက္ကဋ္ဌနှင့် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်တို့က ဘုရားသုံးဆူမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးအား ထိုဂေါက်ကွင်းကို ဘတ် (၁၅) သိန်းဖြင့် ရောင်းခဲ့ကြောင်း မြို့ခံမျက်မြင်သက်သေတစ်ဦးက ပြောသည်။

    “ဟုတ်တယ် မနေ့ကရောင်းလိုက်တယ် (ဘတ် ၁၅) သိန်းနဲ့၊ အားကစားကွင်းလုပ်မယ်ဆိုပြီး ဒီမြေကွက်ကိုချန်ထားတာ အခုတော့ ရောင်းလိုက်ပြီး” ဟု ၄င်းက ပြောသည်။

    မြေဝယ်လိုက်သည့် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးမှာ ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) ဥက္ကဌ ဖြစ်သူ ဦးရဲမြင့်နှင့် ရပ်ကွက် (၃) မှ ဦးသိန်းဟန်တို့ဖြစ်ကြောင်း သိရသည်။

    ဂေါက်ကွင်းမြေနေရာကို ယခင်က ပြည်သူများထံ စစ်အစိုးရတို့က ငွေကြေးမပေးပဲ သိမ်းယူခဲ့ပြီး ယခုတွင် ပြန်လည်းရောင်းချသည့်အတွက်ကြောင့် ရောင်းငွေအတွက် စစ်အစိုးရတို့က ရရှိသွားခဲ့သော်လည်း
    ယခင်ပိုင်ဆိုင်ခဲ့သော မြေပိုင်ရှင်ဟောင်းတို့က ပိုင်ဆိုင်ခွင့်မရရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ဂေါက်ကွင်းကို ဝယ်ယူထားသည့် စီးပွားရေးလုပ်ငန်းရှင်တို့မှတဆင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တို့က ငှားယူသည့်သဘောဖြင့် ထိုနေရာတွင် ဘင်ဂလို၊ စားသောက်ဆိုင်များနှင့် အခြားအဆောက်အဦးများ ဆောက်လုပ်သွားမည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    ဂေါက်ကွင်းအတွင်း အဆောက်အဦးများ ဆောက်လုပ်ပြီးစီးသွားပါက ဂေါက်ကွင်းပိုင်ရှင် သတ်မှတ်ထားသော မြေငှားခနှုန်းအတိုင် ထိုင်းလုပ်ငန်းရှင်က ပေးဆောင်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    လွန်ခဲ့သော ၂၀၀၀ ခုနှစ်အစောပိုင်းကတည်းက ၄င်းမြေကွက်ကို ပြည်သူများထံ အာဏာပိုင်တို့က စတင်သိမ်းစည်းထားခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks