Saturday, March 14, 2026
More
    spot_img
    Homeသတင်းသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ မွန်ဆရာတော်များ အလှူခံရရှိမှုနည်း

    သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ မွန်ဆရာတော်များ အလှူခံရရှိမှုနည်း

    -

    မင်းတော်လ၀ီ – ၂၀၁၁ ခုနှစ် ဇန်နာ၀ရီလ ၄ ရက်လွတ်လပ်ရေးနေ့တွင် အစိုးရကထုတ်ပြန်သည့်် အမိ်န့်ကြေညာစာအရ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ရာမှာ အလှူခံ ရရှိတော် မူသည့်မွန်ဆရာတော် အရေအတွက် နည်းသည်ဟု သိရသည်။

    ယမန်နှစ်တွင် ဘွဲ့တံဆိပ်တော်ရရှိသည့် မွန်ဆရာအတာ် အပါးအရေအတွက်မှာ အဂ္ဂမဟာပဏ္ဍိတ တစ်ပါးနှင့် အခြားဘွဲ့များ အပါအ၀င် ဆရာတော် ၁၀ ပါးရရှိတော်မူခဲ့ပြီ ယခုနှစ်မှာ မွန်ပြည်နယ်အတွင်း မွန်ဆရာတော်တပါးမှ မရရှိဘဲ အခြားနယ်မှာ မွန်တစ်ပါး သာရရှိခဲ့သည်ဟုသာ ကြားခဲ့ရတသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ မွန်စာသင်တိုက် တစ်တိုက်မှ စာချဆရာတော်တပါးက မိန့်သည်။

    “မွန်ပြည်နယ်မှာ မွန်သံဃာတော်အပါး ခြောက်ထောင်ကျော်ရှိပြီ စာသင်တိုက်လည်းရှိတယ် တချို့ဆရာတော် ဘွဲ့တံဆိပ်အတွက်လျှောက်ဖို့ စိတ်မပါလို့ မတင်တာလဲ ပါတယ်” ဟု အထက်ပါဆရာတော်က မိန့်သည်။

    မွန်ပြည်နယ်အတွင်းရှိ မွန်သံဃာတော်နှင့် အခြားရဟန်းသံဃာတော်အရေအတွက် တစ်သောင်းကျော်ရှိရာ အခြားလူမျိုးရဟန်းများမှဘွဲ့တော်အလှူခံ ရရှိသည့် အဂ္ဂမဟာဂန္ထ၀ါစကသုံးပါးနှင့် အခြားဘွဲ့အပါအ၀င် စုစုပေါင်းရှစ်ပါးသာ အလှူခံရရှိသည်ဟု  မွန်ပြည်နယ် သာသနာရေးအရာရှိရုံး နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “မွန်ဘုန်းကြီးတွေလည်း ရသလောက်တော့ ရကုန်ပြီ။ ရဖို့လည်း သိပ်မကျန်တော့တာလည်း ပါတယ်။ ရဖို့ သိပ်မကျန်တော့တာလည်းပါတယ်။ နောက်ပြီး ဒီဘွဲ့တံဆိပ်တော်ကိုလည်း  စိတ်ဝင်စားနည်းလာတာလည်းပါတယ်” ဟု ရန်ကုန်မြို့က ဆရာတော် ဘဒန္တသူရိယက ပြောသည်။

    ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံတော်အစိုးရမှ ဆပ်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော်များကို မည်သည့်သံဃာတော်များမှ စိတ်မဝင်စားကြတော့ဟု ဆရာတော် ဘဒန္တသူရိယက ပြောသည်။

    “လူတိုင်းရနိုင်တဲ့တံဆိပ်၊ ပိုက်ဆံပေးနိုင်တဲ့လူတိုင်း ရနိုင်တဲ့ တံဆိပ်တော်ဖြစ်နေပြီး။ တွေ့တဲ့ ဘုန်းတော်ကြီးဆယ်ပါးထဲမှာ ငါးပါးထက်မက တံဆိပ်တော်ရ ဖြစ်နေပြီလေ” ဆရာတော်ဘဒန္တသူရိယက ပြောသည်။

    ဘွဲ့တံဆိပ်တော်ရဆရာတော်များမှာ ဘွဲ့တံဆိပ်ရပြီးသွားပါက နိုင်ငံရေးနှင့် မပတ်သက်ရတော့သည့်အတွက် စစ်အစိုးရမှ ၄င်းတံဆိပ်တော်များကို များများပေးခဲ့သည်ဟု ၄င်းဆရာတော်က မိန့်သည်။

    နိုင်ငံတော်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကိုဆက်ကပ်လှူဒါန်ရာမှာ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁ အရ ဂျန်နာဝါရီလ ၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့ရာ ဂန္ဓဓုရ ပရိယတ္တိဝန်ဆောင်စာချဆရာတော်များ ဝိပဿနာဓူရပဋိပတ္တိဝန်ဆောင် ကမ္မဌာန်းနည်းပြ ဆရာတော်များ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပသာသနာပြုပုဂ္ဂိုလ်များ ဗုဒ္ဓဘာ သာသနာတော်ကို ပစ္စည်းလေးပါးဖြင့်ထူးခြားစွာထောက်ပံ့လှူဒါန်နေကြသည့်ပုဂ္ဂိုလ်များကို ဆက်ကပ်လှူဒါန်ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks