spot_img
Saturday, August 2, 2025
More
    spot_img
    Homeသတင်းတပ်ရိက္ခာအတွက် လယ်သမားများထံ စပါးတောင်း

    တပ်ရိက္ခာအတွက် လယ်သမားများထံ စပါးတောင်း

    -

    ကျလွန်းထော – စပါးရိတ်သိမ်းချိန် အချိန်အခါမဟုတ်မိုးရွာပြီးသည့်အတွက် ရိတ်သိမ်းပြီးစပါးများတလင်းထဲရောက်ရန် ကြိုးစားနေချိန်တွင် လယ်သမားများထံတွင် တပ်ရိက္ခာအတွက်ဟုဆိုပြီး လယ်တစ်ဧကလျှင် စပါးတစ်တင်းပေးရန် အာဏာပိုင်များက တောင်းခံနေသည်။

    မယကဥက္ကဌမှ တပ်အတွက် စပါးတောင်းရန် ကျေးရွာဥက္ကဌထံ အကြောင်းကြားထားပြီး ကျေးရွာဥက္ကဌမှ လယ်သမားများထံ မကောက်ခံရသေးကြောင်း မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးကထံမှ သိရသည်။

    “ကောက်တော့ မကောက်ရသေးဘူး၊ လယ်သမားတိုင်းတော့ ပေးရမယ်၊ စပါးမရှိရင် ပိုက်ဆံပေးရမယ်” ဟု ၄င်းနီးစပ်သူက ပြောသည်။ ကျေးရွာဥက္ကဌမှ လယ်သမားများအား လာရောက်ပြောကြားစဉ်တွင် မည်သည့်တပ်ရင်းအတွက်ဟု တိတိကျကျမပြောဘဲ “တပ်ရိက္ခာအတွက်” ဟုသာ ပြောသည်။

    ကောက်သိမ်းချိန် အချိန်အခါမဟုတ် မိုးဆက်တိုက် ရွာသွန်းထားသည့်အတွက်ကြောင့် လယ်သမားတိုင်းမှာ စပါးပျက်စီးမှုနှင့် ကြုံနေရကာ စပါးအထွက်လည်း ထက်ဝက်လျော့ဖွယ်ရှိကြောင်း လယ်သမားတွေ ညည်းညူးနေကြသည်။

    လယ်ဧက ၅၀ အတွက် တစ်နှစ်စပါးထွက်နှုန်း တင်းနှစ်ထောင်ကျော် ပုံမှန်ထွက်နေသည်မှာ ယခုနှစ်တွင် ထက်ဝက်နီးပါးရရှိရန် မလွယ်ကူလှကြောင်း မုဒုံမြို့ရှိ ဧက ၅၀ ပိုင်သည့်လယ်ရှင် တစ်ဦးက ပြောသည်။

    “စပါးလျော့လည်း သူတို့ကိုပေးရမှာပဲ၊ မပေးဘဲ နေလို့ရတာမှမဟုတ်တာ၊ စပါးမရှိရင် ပိုက်ဆံပေးရတယ်၊ ပေါက်စျေးရဲ့ ထက်ဝက်ပဲ သူတို့ပေးတယ်၊ ဥပမာ စပါးပေါက်စျေးက ၆ သိန်းဆိုရင် သူတို့ကို ၃ သိန်းစျေးနဲ့ ပေးရတယ်၊ စပါးပေးမယ့်အစား ပိုက်ဆံပဲ
    ပေးလိုက်တာ” ဟု မုဒုံမြို့ရှိ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့်နှစ်တွင် စပါးသိမ်းပြီး ဇန်နဝါရီလကုန် ဖေဖော်ဝါရီလလယ်ချိန်၌ ရယကနှင့် အဖွဲ့ဝင်တို့က အိမ်တိုင်ရာရောက် ကောက်ခံလေ့ရှိပြီး ယခုနှစ်မှာမူ  မကောက်ခံရသေးကြောင်း သိရသည်။

    ထိုသို့ တပ်ရိက္ခာအတွက်ဆိုပြီး လယ်သမားများ နှစ်စဉ်နှစ်တိုင်း
    စပါးပေးဆောင်နေရသော်လည်း ယခုမှာ ယခင်နှစ်များနှင့်မတူ ကောက်သိမ်းချိန်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စပါးပျက်စီးမှုများနေသည့်အတွက် လယ်သမားများ အခက်အခဲ ကြုံတွေ့ရသည့်ကြားမှာ မပေးမနေရ ပေးဆောင်နေရသည်။

    အကယ်၍ ၄င်းတို့ တောင်းသည်ကိုမပေးပါက လယ်လုပ်သည့်လယ်သမားများမှာ လယ်လုပ်ပိုင်ခွင့် ဥပဒေသာရှိပြီး လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့် ဥပဒေ မရှိသည့်အတွက် စစ်တပ်မှ လယ်မြေသိမ်းလိုက်မည်ကို စိုးရိမ်သောကြောင့် မဖြစ်မနေပေးဆောင်နေရသည်ဟု မုဒုံမြို့မှလယ်ပိုင်ရှင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts