Homeသတင်းအလံတော်သစ်အား အတင်းအဓမ္မရောင်း

အလံတော်သစ်အား အတင်းအဓမ္မရောင်း

-

ဟောင်းဒိန် – မြန်မာစစ်အစိုးရရေးဆွဲထားသော ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအရ ၄င်းတို့လဲလှယ်လိုက်သည့် နိုင်ငံတော်အလံသစ်ကို ပြည်သူများထံ အတင်းအဓမ္မရောင်းချပေးနေသည်။

“ပြီးခဲ့တဲ့အပတ်ကတည်းက ရောင်းနေတာ ဘယ်သူက ဝယ်ချင်မှာလဲ အလံတစ်ခုကို ၂၀၀၀ နဲ့ ရောင်းနေတာ၊ ဝယ်ပြီးရင် ကိုယ့်အိမ်ရှေ့မှာ ထောင်ထားရတယ်” ဟု အလံတော်သစ်ကို လက်ရှိ ဝယ်ထားရသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ အိမ်ခြေအနည်းအများပေါ်မူတည်ပြီး ရွာကြီးလျှင် အလံ ၈၀ ချထားပေးပြီး၊ ရွာအလတ်များတွင် ၆၀ နှင့် ရွာအငယ်များတွင် အလံတော်သစ် ၅၀ ခုထိချထားပေးပြီးဖြစ်သည်။

အလံတော်သစ်ကို မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှတဆင့် ကျေးရွာ ရယကဥက္ကဌထံ ချထားပေးပြီး ၄င်းဥက္ကဌမှတဆင့် ရွာခံများဆံသို့ ပြန်လည်ရောင်းချပေးနေသည်။

“ငွေကိုတော့ လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာ သွင်းပေးရမယ်၊ အလံတွေ ရောင်းကုန်တာ မကုန်တာ သူတို့မသိဘူး၊ ချထားပေးတဲ့ အလံတော်အရေအတွက်ရဲ့ ကျသင့်ငွေကို သွင်းပေးရမယ်” ဟု ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အလံတော်သစ်အား ဒေသခံများထံ ရောင်းချပေးနေသည်မှာ မုဒုံမြို့နယ်အတွင်းသာမကဘဲ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများမှာ ရောင်းချပေးနေကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောသည်။

အလံတော်ကို အထူးသဖြင့် လမ်းမကြီးရှိ အိမ်များ၊ စျေးဆိုင်များ ဝယ်ရမှာဖြစ်ပြီး ဝယ်ပြီးပါက အလံကို အိမ်ရှေ့မှာ ကိုယ်စီ ထောင်ထားရတယ်လို့လည်း သိရသည်။

လဲလှယ်လိုက်သည့် အလံတော်သစ် လိုက်ရောင်းနေခြင်မှာ ပြည်သူများအပေါ် ငွေရှာစားတာနှင့် အလံတော်သစ်ကို ပြည်သူတွေထံရောက်သွားအောင် ပြည်သူများ လက်ခံသည့်အကြောင်းကို ပြသချင်သည့်သဘောလည်းဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြသည်။

“အလံကို မလိုချင်လည်းရတယ်တဲ့ ဒါပေမယ့် ပိုက်ဆံတော့ ပေးရမယ်တဲ့၊ တချို့အိမ်တွေဆို လူမရှိတော့ ဒီအတိုင်းထားခဲ့တယ် နောက်မှ ပိုက်ဆံလာတောင်းတယ်၊ သက်သက်လုပ်စားတာပဲ” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်အလံသစ်ကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်ုမှာ တပြည်လုံးရှိ အစိုးရရုံးတွေမှာ လွှင့်တင်ခဲ့သည်။

၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုထားသည့် အနီရောင်အောက်ခံ လက်ဝဲအပေါ်ထောင့်တွင် အပြာလေးထောင့်ကွက်၌ အဖြူရောင် ခွေးသွားစိတ်နှင့် စပါးနှံကို အရွယ်တူ ကြယ် ၁၄ လုံး ဝန်းရံထားသည့် အလံဟောင်းနေရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်ပြုခဲ့သော အဝါ၊ အနီနှင့် အစိမ်းရောင် သုံးရောင်ခြယ် အလံ (ပုံ) ဖြစ်ပြီး အလယ်မှာ ကြယ်ဖြူတလုံး ပါရှိသည့် အလံသစ်ကို လဲလှယ်လိုက်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts