spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်အစိုးရထုတ်သတင်းသည် မဟုတ်မမှန်ကြောင်း မွန်ပြည်သစ်ပြော

    စစ်အစိုးရထုတ်သတင်းသည် မဟုတ်မမှန်ကြောင်း မွန်ပြည်သစ်ပြော

    -

    ရိုင်မရော့ – မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယအကြီမ် လက်နက်အပ်နှံပွဲမှာ မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်လာသည့် တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်သည်ဟု အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားသည်။

    နိုင်ရှောင်ဦးဆောင်တပ်ဖွဲ့လက်နက်အပ်နှံပြီး ကျန်ရှိနေသေးသည့် တပ်ဖွဲ့ဝင်တွေနှင့် မွန်ပြည်သစ်ပါတီမှ ထပ်မံခွဲထွက်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒုတိယအကြိမ် လက်နက်ထပ်မံအပ်နှံကြောင်း ဆိုသည့်သတင်းထုတ်ပြန်ချက်သည် မဟုတ်မမှန်သတင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်ပါတီက ပြောသည်။

    “ကျနော်တို့ပါတီဝင်တွေ ဒီလိုလုပ်မှာမဟုတ်ပါဘူး၊ လုပ်ဖို့လည်း အစီအစဉ်ရှိမှာမဟုတ်ဘူး၊ နိုင်ရှောင်းဦးဆောင်တဲ့တပ်ဖွဲ့တွေ လက်နက်ချတာတော့ ကျနော်တို့လည်းသိနေပါတယ်၊ ကျနော်တို့ တပ်ဖွဲ့တွေ နိုင်ရှောင်းတို့နဲ့ ပေါင်းပြီးတော့ လက်နက်အပ်တယ်ဆိုတဲ့ ဒီလိုမျိုး သတင်းထုတ်ပြန်တာဟာ မဟုတ်မမှန်တဲ့သတင်းပဲ သူတို့က နိုင်ငံရေး အမြတ်ထုတ်တဲ့သဘောပါပဲ” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    ယခုလို သတင်းထုတ်ပြန်တာဟာ စစ်အစိုးရက ဝါဒဖြန့်တဲ့သဘောနဲ့ နိုင်ငံရေးအပေါ် အမြတ်ထုတ်လိုက်တဲ့အပြင် ပြည်သူတွေ ကျနော်တို့ပါတီအပေါ် အမြင်မှားတွေရှိလာအောင် လုပ်ဆောင်ချင်တဲ့သဘောပဲ ဖြစ်သည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

    သို့သော်လည်း စစ်အစိုးရ၏ လုပ်ဆောင်မှုအပေါ် မွန်ပြည်သစ်ပါတီမှ ပါတီဝင်တွေအပါအဝင် မွန်ပြည်သူတွေကလည်း သိနားလည်ထားပြီးဖြစ်ကြောင်းလည်း ပြောသည်။

    လက်နက်ကိုင်လမ်းစဉ်အပေါ် အယုံအကြည်မရှိသော မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်တချို့က နိုင်ရှောင်ခေါင်းဆောင်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့နှင့် ပူးပေါင်းလာတာရှိသလို ဒီဇင်ဘာလ ၁ ရက်နေ့မှာလည်း မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသော တပ်ဖွဲ့ဝင် ၁၀၁ ဦး၊ လက်နက်ငယ်မျိုးစုံ ၂၂ လက်နှင့်အတူ ထပ်မံပူးပေါင်းလာသည်။

    နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီနှင့် လုံးဝပတ်သက်မှုမရှိကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောသည်။

    နိုင်ရှောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ အဖွဲ့ဝင် ၁၆၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ဖြင့် ပထမအကြိမ် လက်နက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားသည်။

    ဒုတိယအကြိမ်အနေဖြင့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့မှ ကျန်ရှိနေသေးသည့် အဖွဲ့ဝင်တချို့က စစ်အစိုးရထံ ထပ်မံပူးပေါင်းလိုက်ကြောင်း ပူးပေါင်းပါဝင်သူများမှာ နိုင်ရှောင်ဦးဆောင်တပ်ဖွဲ့ဝင်များမဟုတ်ပဲ တခြား ကုလားလူမျိုး ဗမာလူမျိုးတွေလည်း ပါဝင်ကြောင်း သိရသည်။ ယခုလိုလုပ်ခြင်းအားဖြင့် လာရောက်ပူးပေါင်းသည့် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့ အရေအတွက် များအောင် လုပ်သည့်သဘောဖြစ်သည်။

    နိုင်ရှောင်းဦးဆောင်တပ်ဖွဲ့တွေက ပထမအကြိမ် စစ်အစိုးရနဲ့ ပူးပေါင်းပြီး လက်နက်အပ်နှံပြီးနောက်ပိုင်းမှာ အပ်နှံထားသည့်လက်နက် ပြန်လည်မရရှိသေးသည့်အပြင် စစ်အစိုးရဘက်မှ တစုံတရာ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိခြင်းကြောင်း လက်ရှိအခြေအနေမှာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မွန်ကာကွယ်ရေးတပ်ဖွဲ့ကို စောင့်ကြည့်သုံးသပ်သူတစ်ဦးက ပြောသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို (၂၀၀၈) ခုနှစ်တွင် မွန်ပြည်သစ်ပါတီ အငြိမ်းစား စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ တည်ထောင်ထားပြီး နိုင်အောင်နိုင် ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်က ဦးဆောင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks