Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေဘေးဒုက္ခသည်ကို ကူညီရန် မယက ပိုက်ဆံကောက်

    ရေဘေးဒုက္ခသည်ကို ကူညီရန် မယက ပိုက်ဆံကောက်

    -

    ဟောင်းဒိန် – ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဂီရိ မုန်းတိုင်ကြောင့် ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန်ဟု အကြောင်းပြကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများက ငွေကြေးတောင်းခံနေသည်။

    မြို့နယ်အလိုက် မယကတို့သည် လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့စမှ ကျေးရွာရယကများအား ၄င်းရန်ပုံငွေ ကောက်ခံပေးရန် ညွှန်ကြားထားပြီး နိုဝင်ဘာ ၂၄ ရက်နေ့အထိ မယကဥက္ကဋ္ဌတို့ သတ်မှတ်ထားသည့် ငွေကြေးပမာဏကို နောက်ဆုံးထားကာ မယကဥက္ကဋ္ဌသို့ ပေးသွင်းရသည်။

    မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်ခြေအနည်းများအလိုက် ရွာကြီးလျှင် ကျပ် တစ်သိန်း၊ ရှစ်သောင်းနှင့် အိမ်ခြေနည်းသည့် ကျေးရွာများတွင် ကျပ် ငါးသောင်းဟု၍ သုံးမျိုးသုံးစား ခွဲပြီး တောင်းခံထားသည်။

    “ကျနော်တို့ရွာမှာတော့ တစ်အိမ်ကို တစ်ထောင်နှုန်းနဲ့ ကောက်တယ်၊ ပြောတာက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့လို့တော့ ပြောတာပဲ” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာခံတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် အစရှိသည့် မြို့နယ်အတော်များများမှာ ကောက်ခံနေကြောင်း ၄င်းဒေသခံက ပြောသည်။

    “ဒုက္ခရောက်တဲ့လူတွေကိုသာ တကယ်ကူညီရင်တော့ ကောင်းတာပေါ့၊ ကျနော်တို့လည်း ပေးလို့ ပျော်ပါတယ်၊ ဒုက္ခရောက်သူတွေကို ကူညီတာပဲ။ ဒါပေမယ့် တခုက ဒီကောက်ထားတဲ့ပိုက်ဆံတွေကို ဒုက္ခရောက်တဲ့လူတွေဆီမရောက်မှာကိုဘဲ စိုးရိမ်တယ်၊ ဥပမာဆို တမြို့နယ်မှာဆို အများကြီးရတယ်လေ၊ တဝက်လောက်မှ ဒုက္ခသည်တွေဆီရောက်နိုင်ပါ့မလား” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် လူဦးရေ သိန်းချီ အိုးအိမ်မဲ့ဖြစ်ရသည်။

    ဂီရိဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နှင့် ကျောက်ဖြူမြို့နယ်များတွင် အပြင်းထန်ဆုံး တိုက်ခတ်ခံခဲ့ရကာ မုန်တိုင်းကြောင့် အိမ်ခြေနှစ်သောင်းကျော် ပျက်ဆီးခဲ့ရပြီး လူဦးရေ နှစ်သိန်း ခြောက်သောင်းကျော် အတိဒုက္ခရောက်ကြရသည်။

    မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလတုန်းကလည်း ဧရာဝတီတိုင်းအတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီသေဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks