spot_img
Sunday, June 23, 2024
More
    spot_img
    Homeသတင်းမော်တော်ပီကယ်အားရိုက်သတ်ခဲ့သည့် စစ်သားအား အရှေ့တောင်တိုင်းမှ ခေါ်ထုတ်

    မော်တော်ပီကယ်အားရိုက်သတ်ခဲ့သည့် စစ်သားအား အရှေ့တောင်တိုင်းမှ ခေါ်ထုတ်

    -

    မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မော်လမြိုင်မြို့မှ ပြန်လာသည့်မော်တော်ပီကယ်တစ်ဦးအား အရပ်သားအထင်ဖြင့် သတ်၍ ပစ္စည်းလုယူသွားခဲ့သည့် စစ်သားတစ်ဦးအား အရှေ့တောင်တိုင်းမှ  ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ဟု မော်လမြိုင်မြို့ရှိ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးအသိုင်းအဝိုင်းက ပြောသည်။

    ၄င်းမော်တော်ပီကယ်မှာ မုဒုံဇာတိဖြစ်ပြီး မြန်မာစစ်သားမှ မော်တော်ပီကယ်အား မော်လမြိုင် – မုဒုံကားလမ်းရှိ တာပသွန်ကျေးရွာအနီး တံတားအနီးတွင် ညအချိန်၌ သေအောင်ရိုက်ပြီး တံတားအောက်တွင် စွန့်ပစ်ခဲ့ကာ ဆိုင်ကယ်နှင့် ပစ္စည်းများကို ယူဆောင်သွားသည်ဟု ၄င်းအလှူအိမ်သွားခဲ့သူတစ်ဦးက ပြောသည်။

    “အရှေ့တောင်တိုင်းက မော်လမြိုင်မှာ အချုပ်ကျနေတဲ့စစ်သားကို လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်တုန်းကပဲ သူတို့ ပြန်ခေါ်ထုတ်သွားတယ်” ဟု မော်လမြိုင်မှ ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

    ဆိုင်ကယ်ရောင်းဝယ်သည့် ပွဲစားတစ်ဦးက ၄င်းစစ်သားသည် မော်လမြိုင်မြို့သို့ လုယူထားသည့်ဆိုင်ကယ် လာရောက်ရောင်းချရာ ထိုဆိုင်ကယ်ကို မှတ်မိသွားသဖြင့် ၄င်းပွဲစားမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် ရဲမှ ၄င်းစစ်သားအား ခေါ်ဆောင်သွားခဲ့သည်။ ၄င်းနောက် အဖမ်းခံရသောစစ်သားလည်း မော်တော်ပီကယ်အား ၄င်းနှင့် အခြားသူတစ်ဦးက သတ်မိကြောင်းဝန်ခံသဖြင့်  ၄င်းအား အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်ဟု ပွဲစားနှင့်နီးစပ်သူက ပြောသည်။

    အချုပ်ထဲတွင် ဖမ်းဆီးထားသည့် စစ်သားအား အရှေ့တောင်တိုင်းမှ ပြန်ခေါ်သွားပြီး ၄င်းအမှုကို ရဲမှ စီရင်ခွင့်မရသည့်အတွက် ရဲများ မကျေမနပ် ဖြစ်သည်ဟု ၄င်းနီးစပ်သူက ပြောသည်။

    “သူတို့က လူကို သာမန်အရပ်သားလောက်ပဲ ထင်ပြီး ရိုက်တာ ပစ္စည်းလုယူတာလောက်ပဲပေါ့။ ဒါပေမယ့် ရိုက်ပြီးတော့မှ မော်တော်ပီကယ်မှန်သိတော့ သေအောင်ရိုက်ပြီးတော့ တံတားအောက်မှာ ပစ်ထားတယ်။ နှစ်ရက်လောက်မှ အလောင်းကို ပြန်တွေ့တယ်” ဟု အမှုစစ်ရာမှ ထွက်ဆိုချက်ကို ကိုးကား၍ ၄င်းနီးစပ်သူက ပြောသည်။

    အသတ်ခံရသည့် မော်တော်ပီကယ်အတွက် ကျန်ရစ်သူမိသားစုတို့မှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၄င်းအတွက်ဆွမ်းကျွေးခဲ့ကြောင်း သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,300SubscribersSubscribe
    spot_img

    Latest posts